"ဘာ.....တစ်ဖွဲ့လုံးမှာ မင်းတို့ ၄ ယောက်ပဲ ကျန်တော့တာပေါ့"
အတိကျုံ့နေသော မျက်ခုံးနက်နက်တို့က ခံပြင်းမှု ဒေါသကြောင့်.....
"ဟုတ်ပါတယ်......Chief Jeon လည်း ထွက်ပြေးလာပါသေးတယ်....ဒါ....ဒါပေမယ့် ပြန်ခေါ်သွားကြတယ်"
ကျယ်လောင်သော တောက်ခေါက်သံနောက် စားပွဲကို တစ်ချက်ထုရိုက်ကာ ပြင်းထန်လာသော အသက်ရှူနှုန်းကို ထိန်းသည်......
"ငါ ဒီက နှစ်ဖွဲ့ အဲဒီ့ကို လွှတ်လိုက်မယ်......လောလောဆယ် ဒီတိုင်းနေလိုက်ဉီး...."
"သိပါပြီ Boss "
သက်ပြင်းချသံနောက်တွင်ကပ်ပါလာသော ခံစားချက်မျိုးစုံ.......ပစ္စည်းတစ်ခုမှ မယူသွားဘဲ သူ၏ အဖွဲ့တစ်ဖွဲ့လုံးကို သတ်ပစ်လိုက်ခြင်းမှာ အင်အားယုတ်လျော့အောင် တမင်ကျင့်သုံးသည့် Kim Taehyung ၏ နည်းလမ်း.......Jungkook ကိုသုံး၍ သူ၏ကျန်အဖွဲ့သားများနှင့် ပိုင်ဆိုင်မှုများကို ဖြိုခွင်းရန် စီစဉ်ထားသည့်ပုံ........
_______________
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
~~~Fatal Impact~~~
.
.
.
.
.
.
.
.
.
.
.
.
၈ နာရီကျော်အတွင်း ဖြတ်သန်းခဲ့ရာ ခရီးစဉ်တွင် မြှောက်လျက်အနေအထားဖြင့် လက်ထိပ်ခတ်ခံထားရသောကောင်လေးက တစ်လမ်းလုံး အိပ်ပျော်နေခဲ့သည်.......သူ၏အိမ်ရှေ့တွင် ကားရပ်သောအခါ ကားအသီးသီးမှ ထွက်လာသော အဖွဲ့သားများတွင် ဒဏ်ရာရသူများကရ.....အကောင်းအတိုင်းရှိနေသူများက ကူတွဲကာ အိမ်ထဲသို့ဝင်ကြသည်.......Captain Kim သည် မနိုးသေးသော ကောင်လေးအား မချီကာ ကားထဲမှ ထုတ်သည်.....
"Captain.....ကျနော်-"
"ငါပဲသယ်မယ်"
Volek သည် စကားလုံးများကိုပင် အဆုံးထိ မပြောလိုက်နိုင်ဘဲ အကြည့်များပင် ခလုတ်တိုက်သွားရသည်.......သူတို့၏ Captain သည် မည်သို့သောသူကိုမှ အသားချင်းမထိဖူးပါလေ........
ကောင်လေးကို ပေါ့ပေါ့ပါးပါးသာ ချီသွားရင်း အပေါ်ဆုံးထပ်ထိ တက်ခဲ့သည်.....မွေ့ယာအိအိပေါ်သို့ ချပေးပြီးနောက် မျက်တောင်စင်းစင်းများကို အတန်ကြာအောင်ကြည့်သည်.......လက်ထိပ်အောက်မှ လက်ကောက်ဝတ်များသည် ပွန်းပဲ့ကာ အနီရင့်ရင့်သွေးစတို့ဖြင့် အသားစတစ်ချို့က လန်နေလျက်........တံတွေးပူများကို မျိုချသော captain သည် ကောင်လေး၏ လက်ထိပ်များကို ချွတ်ပေးပြီးနောက် ခေါင်းစဉ်မရှိသော ခံစားချက်များကို မောင်းထုတ်သည်........
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...