TW: Death, Violence
Please be careful while reading.
.
.
.
.
.
.
.တဂျိမ်းဂျိမ်းချိန်းရာ မိုးသံကျယ်ကျယ်ကြောင့် ဘာမှကြားရမည်မဟုတ်......လှေကားလက်ကိုင်ကို ကိုင်ကာ ဆင်းလာသောကောင်လေးသည် ပွယောင်းယောင်း ရွှေရာင်ဆံပင်များနှင့် မနိမ့်မမြင့်အရပ်ကို ပိုင်ဆိုင်ထားလျက်......
"မေမေ....."
တိုးညင်းညင်းလှမ်းခေါ်သော ကောင်လေး၏ အသံက ခပ်သြသြ......သန်းခေါင်ယံကျော်နေပြီမို့ ပယင်းရောင်မျက်လုံးများက မပွင့်တပွင့်နှင့် အိပ်နေရာမှ ထလာသည့်ဟန်......
"မေ-"
မျက်လုံးများကို အပြည့်အဝပွင့်သွားစေသောမြင်ကွင်းသည် တလက်လက် လျှပ်ရာ လျှပ်စီးအလင်းများကြားမှ.....ဖရိုဖရဲဖြစ်နေသော မေမေ၏ ဆံပင်များကို ထိုလူက ကိုင်ဆောင့်ကာ ကျယ်လောင်သော သေနတ်သံကြားမှ မျက်လုံးများကို ပေါက်ထွက်သွားစေသည်......ပယင်းရောင် မျက်ဆံများသည် တုန်ရီကာ ထိုမြင်ကွင်းတွင် ရပ်တန့်လို့......လှေကားဘောင်ပေါ်မှ လက်ချောင်းများသည် တုန်တုန်ရီရီနှင့်လှုပ်ရှားရန်ခက်ခဲလှသလို ဒူးတစ်စုံက ပျော့ခွေကျတော့မည့်အနေအထား.......
ထမင်းစား စားပွဲအောက်တွင်မှ အလောင်းတစ်လောင်းသည်လည်း တလက်လက်ထနေသော အိုင်ရည်များကြားမှ.......
"Tae လေး......အကုန်မြင်သွားတာလား....."
ရင်းနှီးနေသော ခေါဝေါ်သံကြောင့် တုန်လှုပ်နေသည့်ကြားမှ လှမ်းကြည့်တော့ လျှပ်စီးကြောင်းများကြားမှ မြင်ရသော မျက်နှာ.....
"ဉီး....ဉီးလေး Jeon......."
"Tae လေး.....ဉီး စိတ်မကောင်းပါဘူး......မင်းရှိနေမှန်း မေ့သွားတယ်......"
လှေကားထစ်သို့ လှမ်းလာသော ထိုလူက လက်ချောင်းများမှ သွေးစက်များ ယိုကျလျက်......ပြုံးစစ မျက်နှာကြောင့် ကောင်လေး၏ ပယင်းရောင်မျက်ဝန်းများက တုန်လှုပ်နေကာ ထိုလူ၏ နောက်ကပါ ကပ်လိုက်လာသော နောက်လိုက်များကို ကြောက်ရွံ့ကာ ကြည့်သည်.......
အပေါ်သို့တက်ပြေးသောအခါ ခြေသလုံးမှ လှမ်းဆွဲသောကြောင့် လှေကားထစ်တို့နှင့် မျက်နှာချင်းဆိုင်ကာ လှဲကျသည်......နာကျင်သွားသော နှာရိုးအား မနာကျင်အားသော ကောင်လေးက မှီရာကမ်းရာ လှေကားထစ်ကို လက်သည်းများနှင့်ကုတ်ခြစ်ရာ ဆွဲထားလျက်......ထိုလူက ခပ်လေးလေး သံတုတ်ဖြင့် လက်မောင်းတစ်ဖက်ကို လွှဲရိုက်တော့ မိုးခြိမ်းသံများကြားမှ အော်သော အသံနက်နက်......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...