"ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ......"
အစေခံမိန်းကလေးများက စိတ်မရှည်စွာ တစ်သံတည်းပြောကြသည်......ဆံပင်ကို spray များဖြန်းကာ နားသယ်မွှေးများကအစ တမင်လိုက်နွယ်နေသော ထိုမိန်းမများအား သူသဘောမကျပါ.......
မိန်းကလေးတစ်ယောက်ကဲ့သို့ ခြယ်သခြင်းများ တန်ဆာဆင်ခြင်းများကို ဘယ်ယောက်ျားလေးကများ သဘောကျမည်လဲ......
ထိုမိန်းကလေးများက ဆံပင်တုတပ်နေခြင်းမဟုတ်ဘဲ သူ၏ ခဲရောင်ဆံပင်နှင့် ထပ်တူကျသော ဆံပင်ရှည်များကို စပ်ကာ စည်းထုံးခြင်းများလုပ်နေကြခြင်းဖြစ်သည်......
သူသည် မျက်နှာကြီးတစ်ခုလုံးလေးလံနေသလို ခံစားရသည်......ထိုမိန်းကလေးအပြင်အဆင်များတစ်ခါမှ မျက်နှာပေါ်မတင်ဖူးပါလေ......"မပြီးသေးဘူးလား....."
သူကမျက်မှောင်ကျုံ့ကာ မေးတော့ ထိုမိန်းကလေးက ခေါင်းညိတ်ပြကာ စိန်တလက်လက် ဒေါက်ဖိနပ်ကို သူ့ခြေထောက်ဘေးတွင်ရိုရိုကျိုးကျိုးထားကာ စီးစေသည်.......သူက စုတ်သပ်ကာ မှန်တင်ခုံပေါ်မှ စီးကရက်ဗူးကို ယူကာ တစ်လိပ်ကို နှုတ်ခမ်းတွင်တေ့သည်........မီးညှိကာ မျက်လုံးများကို မှိတ်၍ အငွေ့မွှန်မွှန်များကို ခံစားသည်.......အသာတေ့ရာ စီးကရက်လိပ်တွင် ပန်းဇီညစ်ညစ် နှုတ်ခမ်းဆိုးဆေးတို့ကို ခပ်လှလှနှုတ်ခမ်းအက်ကြောင်းရာများဖြင့် စွန်းထင်းကျန်ခဲ့လို့......
သူက မျက်လုံးများကို မှိတ်တော့ မကြာသေးခင်က Mingyu ဆိုသည့် သူပြောသော စကားသံများနှင့် ထစ်ချုံးဝင်ရောက်လာပြန်သော မျက်နှာများနှင့်စကားသံများ......
ထူးဆန်းသည်က တွေးလိုက်မိတိုင်း ခေါင်းက လျှပ်စီးဝင်သလို ကိုက်ခဲသည်......"ကျစ်....."
သူက မျက်လုံးများကို ဖွင့်ကာ မှန်ထဲကို ကြည့်မိတော့ သူ့အား ဝိုင်းကြည့်နေကြသော မျက်လုံးများ.......အခန်းဝမှ အစောင့်များကပါ မသိမသာကြည့်နေကြသောကြောင့် စိတ်ကထောင်းခနဲ.......
"ဘာကြည့်တာလဲ....."
ပိတ်ဟောက်တော့ အကုန်လုံးက တုန်တက်သွားလျက် သူတို့လုပ်စရာရှိသည်များကို ပြေးလုပ်ကြသည်.......ဘာတွေများထူးဆန်းလို့ လာကြည့်နေကြသည်လဲ.......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...