16

1.3K 129 26
                                    

နောက်ဖုံးထဲမှ လက်နက်များကို ကား၏ ရှေ့တစ်ခန်းသို့ ရွှေ့နေသော Captain ၏ ဗလာကျောပြင်ကို ကြည့်နေသော ကောင်လေးသည် နောက်တစ်နေရာတွင် ရပ်သည်........နောက်ဖုံးထဲမှ ပစ္စည်းများကို ယူနေသော Captain သည် boxer အနက်တို့ ယေးယေးပေါ်သည်အထိ ခါးကို ကုန်းကာ အလုပ်ရှုပ်နေဟန်......

"Captain....."

သူက ခေါ်လိုက်တော့ ထိုလူက အသံသြသြဖြင့် ဟင်ခနဲ ထူးလာသည်........ပျားရည်ရောင် ကျောပြင်သည် ချွေးစတို့ဖြင့် ပြောင်လတ်နေလျက် ချွေးထွက်တိုင်း ရွှေရောင်ဆံပင်တို့ကို သပ်သပ်တင်ပစ်သော ထိုလူကြောင့် အာရုံနှင့်လူက အစည်းမကပ်......

"ခင်ဗျား ဗိုက်မဆာဘူးလား......"

ထိုလူက တော်တော်နှင့်ပြန်မဖြေ.....သူလုပ်စရာရှိတာ လုပ်ပြီးမှ ကားနောက်ဖုံးကို ပိတ်ချလိုက်သည်.......

"မင်းက တကယ့်ကလေးပဲ........စားဖို့အကြောင်းပဲ စဉ်းစားနေတာလား......"

"ဒါပေမယ့် ခင်ဗျားက တကယ်ဘာမှမစားဘဲ နေနိုင်တာလား........နာရီပိုင်းလောက်တောင်ရှိနေပြီ.......လူရော ဟုတ်-"

"ငါ sex ကို မကြာခဏလုပ်ပြီးရင် ဗိုက်မဆာတတ်ဘူး.......ဗိုက်ဆာရင်လည်း sex ပဲ ထလုပ်လိုက်မယ်......"

ထိုအခါ ဘာမှမပြောဘဲ လှည့်ကာ ကားထဲဝင်သွားသော ကောင်လေးသည် စကားစကို မဆက်ချင်သောကြောင့်ဖြစ်မည်.......ဗိုက်ဆာသည့်အကြောင်းကိုပင်မေးနေသည်မှာ ဘယ်နှခါမှန်းပင်မသိတော့သောကြောင့် သူလည်း နားငြီးရပါသည်.......

မြို့ပြင်ဖြစ်သောကြောင့် ဘာဆိုင်မှမရှိ........Tensol သည် Taehyung ၏ ပိုင်နက်ဖြစ်သည်......လက်ညှိုးထိုးရုံမျှ လိုချင်သောအခြေအနေထိ ဖန်တီးနိုင်သော သူနှစ်သက်သည့် ပိုင်နက်ပင်...... ဒါဖြင့်ရင် ရန်သူကို ဘာကြောင့် ခေါ်လာမိသည်လဲ.......

သူက အပေါ်ဗလာဖြင့်သာ မောင်းသူနေရာတွင်ဝင်ထိုင်သည်......ကောင်လေးကတော့ ဘေးခုံတွင် အဆင်သင့်......လက်ထဲမှ စီးကရက်အရှင်ကြောင့် ဗိုက်ဆာဆာနှင့် စီးကရက်ဖွာနေပြန်ပြီရယ်.......

သူက စတင်မောင်းနှင်ကာ ကားမှန်များကို အနည်းငယ်ဖွင့်ဟလိုက်သည်......သူတို့နှစ်ဉီး၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အနည်းအကျဉ်းသာရှိသည်.....Shermer နှင့် Tensol ၏ အပူချိန်က အတော်ကို ကွာခြားသည်လေ......

Fatal ImpactWhere stories live. Discover now