သူတို့ ရေကူးကန်ကျယ်ကြီးရှိရာ မြေညီထပ်တွင်ဖြစ်သည်.......
အိမ်စေများ agent များစွာရပ်နေသော်လည်း Shermer သို့သွားမည့်ကားမှာ Captain ၏ ကားတစ်စီးတည်းသာ......သူက သူ၏ ခြေဗလာများကို ငုံ့ကြည့်မိသည်......sweater အဖြူရောင်ဖားဖားနှင့် ဘောင်းဘီလျားလျားတစ်ထည်ကို ဝတ်ထားသည်မှာ ဘယ်နှရက်ရှိပြီမှန်း သူရေတွက်၍မရသေး......
သို့ရာတွင် စိတ်တစ်နေရာက ပေါ့ပါးသည်ဟူသော အသိကို တစ်ချိန်လုံးညွှန်ပြနေသည်.....
သူသည်လည်း လူပီသပါပေသည်......
ထွေထွေထူးထူး ဉီးဆောင်စရာမရှိသော ရက်သတ်မှတ်ချက်ပေါင်းများစွာအတွက် ဖိအားမရှိသော အနက်ရောင် လက်နက်တန်ဆာများကို ကိုင်စရာမလိုသော ထိုနေရပ်တွင် အသားကျနေသယောင်......ထို့နောက် သူက လှမ်းလှမ်းမှ ရေကူးကန်ကျယ်ကို အကြည့်ရောက်မိသည်.......မြန်ဆန်လာသော နှလုံးခုန်သံကြောင့် သူက တခြားသို့ အကြည့်ပို့သည်.......ဘယ်လိုကြောင့် သူရဲဘောကြောင်နေရသလဲ......
ခါးကို အုပ်မိုးကာ ကိုင်လာသော လက်အေးအေးနှင့် နီးကပ်စွာဆွဲသွင်းခံမိသော ခန္ဓာကိုယ်တစ်ခု.....ထိုလူက အနက်ရောင် turtle neck နှင့်.....
ခန္ဓာကိုယ် မတိမ်းမယိမ်းမှာတောင် သူက ပိုခန့်ညားနေသလို........ရုတ်တရက် ပုံမှန်လာသော နှလုံးခုန်နှုန်းသည် ခပ်သဲ့သဲ့ အပြုံးယေးယေးနှင့် ပယင်းရောင်အကြည့်များ၏ လွှမ်းမိုးမှုအောက်တွင်........
လက်အေးအေးများက ခါးကို အပေါ်အောက် ခပ်စိပ်စိပ် ပွတ်သပ်ပေးသည်......ထိကပါးရိကပါး ပွတ်သပ်နေခြင်းမျိုးမဟုတ်ဘဲ နှစ်သိမ့်နေသည့်ပွတ်သပ်ခြင်းမျိုး......
ဒီလူက တော်ရုံ နားလည်ရခက်တာမဟုတ်တော့....."ဘာလဲ.....ကြောက်နေပြန်တာလား....."
ထိုလူက ခါးမှဆွဲကိုင်ကာ သူနှင့်ပိုမိုနီးကပ်အောင် ဆွဲသည်.......ရေကူးကန်ကိုသာကြည့်၍ပြောနေသောသူကို ကောင်လေးက ကြည့်ကာ မျက်မှောင်ကျုံ့သည်.......ဗိုက်ကို တံတောင်ဖြင့် တိုက်တော့ ထိုလူက သိသိသာသာ မတုန့်ပြန်သော်လည်း ခပ်သြသြ အာမေဍိတ်ယေးယေးကိုတော့ နှုတ်မှလွှတ်သည်......
"-ီးလို မေးခွန်းတွေမေးနေတာ ခင်ဗျားက....."
နှစ်ကိုယ်ကြားပြောကာ လှည့်ထွက်၍ ထားခဲ့ရန်လုပ်သောကောင်လေးကို Captain က ခါးမှတစ်ဖန် ပြန်ဆွဲသည်........
ဟိုက မွှန်ထူအောင်ဆဲဆိုသွားသည်ကို သူဘာကြောင့် ထပ်ခါထပ်ခါ ကြားချင်နေရသလဲ......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...