သူသည် Mansion ထဲသို့ အမြန်ဝင်သည်......Cline ရှေ့ထုတ်ပြခဲ့သော လောလောလတ်လတ် အပြုံးသည် စိုးရိမ်ပူပန်မှုသို့ပြောင်းလဲသည်.......မတည်ငြိမ်သော မျက်ဆံံအညိုများသည် သိသာလျက်......ဓာတ်လှေကားထဲရောက်တော့ နားအတွင်းထဲမှ ကိရိယာ၏ ခလုတ်ကိုနှိပ်သည်......
"1405 ရှေ့ရောက်ပြီလား......"
"ရောက်ပါပြီ Captain......ဘယ်သူမှထွက်မလာသလို ဘာထူးခြားမှုမှမရှိသေးပါဘူး......"
"Shit....."
Captain က ခပ်တိုးတိုးညှင်းဆဲသည်......အကုန်လွဲမည်တော့မဟုတ်သော်ငြား လွဲနိုင်ချေရှိသော အစီအစဥ်.......သို့ရာတွင် သူစိတ်ပူနေသည်က အစီအစဥ်မဟုတ်......
"1504 Balcony ကနေ စောင့်ကြည့် 1405 ပတ်လည်မှာ လူဖြန့်ထား....."
သူစတေးလိုက်သောအရာလေ.......
လွန်ခဲ့သော နာရီဝက်လောက်ကပင် တိုက်ခိုက်မှုက စပြီဖြစ်၍ ဘယ်သူကစမှန်း သူတို့မသိပါ.....လေလံပွဲရော ရိုးရိုးတည်းခိုနေကြသူများကပါ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဆူညံနေကြသည်........သို့ရာတွင် Captain ကတော့ ကြိုမှန်းထားပြီးသားပါပင်......ဘယ်ဂိုဏ်းကမှစတင်တိုက်ခိုက်သည်မှမဟုတ်ဘဲ သူတစ်ဦးထဲဆီသာ ဦးတည်သော မြှားလည်း ဖြစ်နိုင်သည်......
ရုတ်တရက် ၁၂ ထပ်တွင် ရပ်သော ဓာတ်လှေကားကြောင့် သူက စိတ်မရှည်စွာ စုတ်သပ်သည်.......တံခါးပွင့်ချိန် ဝင်လာသော အရိပ်တစ်ခုကြောင့် သူ၏ မျက်လုံးများက ပြာခနဲ.....
"Jeon....."
ကောင်လေးက သူ့ကို မရှိသည့်သူလိုပင် သဘောထားသည်.....ကောင်လေးပုံက ပြာယာခတ်ကာ ပြေးလာပုံရသည်......ဓာတ်လှေကားခလုတ်ကို ပြင်းထန်စွာ အကြိမ်ပေါင်းများစွာ ပိတ်သည်.....ခလုတ်တွင် သွေးညစ်ညစ်များက အရာထင်ကျန်သည်.....
ကောင်လေး၏ ဒေါက်ဖိနပ်တစ်ဖက်သည် ရှိမနေပါ.....သူဆင်ပေးထားသော ပိုးသားဂါဝန်သည် တစ်ခြမ်းက စုတ်ပြဲလျက် ရင်ဘတ်တွင်လည်းသွေးစက်များစွာနှင့်......နိမ့်ချည်မြင့်ချည် အသက်လုရှူနေသော ကောင်လေးသည် ဘယ်လောက်ထိ အကြမ်းဖက်လာလည်း သူခန့်မှန်းလို့ရပါသည်.......Captain က လက်မောင်းမှအသာကိုင်ကာ ကောင်လေး၏ မျက်နှာကို စစ်ပေးရန် ပြုသည်......သို့ရာတွင် မတုံ့မဆိုင်းပြန်ဖယ်ချသော ကောင်လေးသည် ခါးခါးသီးသီး......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...