18

559 78 19
                                    

"စန္ဒယားတွေက မင်းရဲ့ဒီလိုပုံစံနဲ့ ပိုလိုက်ဖက်တယ်......"

အနောက်မှထွက်ပေါ်လာသော အသံကြောင့် သူက လှည့်ကြည့်သည်......လောလောဆယ်အခြေအနေအတွက် သူစပ်ဆုပ်နေသော ခဲရောင်မျက်လုံးများကို ယောင်လို့ပင်မဆုံချင်ပါ.......

"ငါသိတယ်......"

သူက စကားစဖြတ်ပစ်သည့်သဘောဖြင့် ပစ်စလတ်ခတ်ဖြေသည်....သူနည်းနည်းလေးတောင် စကားမပြောချင်မိ......

"မင်း သူ့ဆီမှာ အရမ်းပျော်နေတာလား......"

ဒေါသထွက်ခြင်းမရှိသော်လည်း ပြေပြေလည်လည် မရှိပြန်သော မေးမြန်းသံ......
တကယ်ဆို သူကတောင် ပြန်ကာ မေးရဦးမည့်အခြေအနေကို.....

"ပျော်တယ်ဆိုရင်ရော မင်းဘာပြောမလဲ....."

သူက ဒီတစ်ခါ ခဲရောင်မျက်လုံးများကို တည့်တည့်ကြည့်ကာ ခနဲ့တဲ့လို့ပြောသည်.......နာကျင်နေလည်း အဆုံးထိ အနာခံမည့်လူသားက သူပါလေ.....

"Jeon......ငါ မင်းကို အဲ့လူဆီကနေ ဆွဲထုတ်ဖို့ နေ့တိုင်းကြိုးစားနေတာ......မင်းများ အသတ်ခံလိုက်ရပြီလား......နှိပ်စက်ခံနေရပြီလား.....ဘာတွေလုပ်ထားပြီလဲဆိုတဲ့ အပူတွေ ငါ ညတိုင်းရှိနေပါတယ်......ဒါကြောင့် ငါ နေ့တိုင်း နည်းမျိုးစုံ ထုတ်သုံးနေပါတယ်......."

Cline က ရှင်းပြသည်......ထိုမျက်လုံးနက်နက်များ၏ အသွားအလာ အရောင်အမှေးအမှိန်ကိုကြည့်ရုံမျှနှင့် ထိုကောင်လေး ဘယ်လိုစကားတွေကို ပြောတော့မည်ဆိုတာကို သူခန့်မှန်းနိုင်ပါသည်......ဒါကြောင့် သူရှင်းပြနေရခြင်း.......

"ဟုတ်လား.......ဒါဆို အဲ့မိန်းမရဲ့ ခါးကို တလိုတလားဖက်ပြီး လေလံပွဲလာတက်ရတာလည်း အဲ့နည်းလမ်းတွေထဲက တစ်ခုလား......"

"မဟုတ်တာ Jeon ရာ....."

Cline က ရှေ့ကိုတိုးကာ Jungkook နဲ့ နီးကပ်အောင်ပြုသည်.......ဝဲတဲတဲ မျက်ရည်တွေက ဒေါသကြောင့်ဆိုတာ သူမသိဘဲ နေမလားလေ.......

"ငါ မရှိတော့ဘူးဆိုတာက မင်းအတွက် အခွင့်အရေးတစ်ခုလား Cline......ငါ့ကို မင်းတမ်းတနေတဲ့အချိန်က မင်း task တွေ မစီစဥ်တတ်တဲ့အချိန် plan တွေ စောက်တလွဲဖြစ်တဲ့အချိန်.....ဟုတ်တယ်မလား......."

Fatal ImpactWhere stories live. Discover now