ခန္ဓာကိုယ်ကျစ်ကျစ်အား သယ်ထားသောအခါ လက်တစ်လျှောက်အကြောစိမ်းများက ထိုးထောင်လျက်.....ကားအနောက်ခန်းတွင်ထည့်ကာ သူပါ ဝင်ထိုင်သည်.....
လည်ဇလုတ် ထင်းထင်းပေါ်သည်အထိ ခေါင်းကိုလှန်ကာ သက်ပြင်းချသောသူသည် မျက်လုံးများကို ယေးယေးမှိတ်ထားသေးသည်........နက်ခ်တိုင်ကို အောက်သို့ဖြေလျှော့သည်.......
သူ၏ ပေါင်ပေါ်သို့ ခေါင်းအုံးထားသော ကောင်လေးကို ကြည့်ကာ ခပ်ဟဟ နှုတ်ခမ်းရဲရဲများကို ကြည့်၍ တံတွေးပူများကို မျိုချသည်.......တစ်စွန်းတစ်စ ပေါ်နေသော ပေါင်တံဖွေးဖွေးများမှ ခပ်ကြဲကြဲ တက်တူးအချို့ကို လိုက်ကြည့်သည်......ပေါင်အရင်းနားတွင် bass guitar ပုံ ဒူးအပေါ်နားတွင် Ordinary ဆိုသည့် စာတန်းသေးသေး.......သူနှင့် sex လုပ်သည့်အချိန်တွင် နားရွက်အနောက်နားမှ စီးကရက်ပုံနှင့် Courage ဆိုသည့် tattoo ကိုပါ သတိထားမိလိုက်သည်........ဆန်းကြယ်သော ထိုကောင်လေး၏ မလှုပ်မယှက် မေ့မျောနေသော မျက်နှာကိုကြည့်လျှင် ဗုံးခွဲခဲ့သော တရားခံဟု ဘယ်လိုမှထင်ချင်စရာမရှိ........Tattoo များသာ မရှိလျှင် ၁၉နှစ်သာရှိသေးသော ကလေးတစ်ယောက်ဟု သတ်မှတ်မိမည်မှာ အမှန်........၂၀ပင်မပြည့်သေးသော လက်ရဲဇက်ရဲနိုင်လှသည့်ကောင်လေးသည် Cline ၏ ဝှက်ဖဲများရယ်လား.....
ထိုသို့ဆိုလျှင်တော့ သူကောင်းကောင်းသုံးပစ်ရတော့မည်.......ရှေ့မှန်မှ ကောင်လေးအားကြည့်နေသော အတွင်းရေးမှူးကြောင့် Captain Kim က ခပ်ဟဟရယ်သည်.......
"Volek......မင်းအကြည့်တွေကို မလွှဲရင် စက္ကန့်ပိုင်းအတွင်း ငါဖောက်ထုတ်မိလိမ့်မယ်"
တိတ်ဆိတ်သောကားထဲတွင် ငြိမ်အေးအေး အသံသြသြက ပျံ့လွင့်သည်......
"တောင်း.....တောင်းပန်ပါတယ် Captain...."
------------------------------
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
~~~Fatal Impact~~~
.
.
.
.
.
.
.
ရင်ဘတ်ကျယ်ကျယ်နှင့် ပုခုံးကျယ်ကျယ်တည်ရှိရာ အပေါ်ပိုင်းဗလာနှင့် Boxer အမဲကိုသာဝတ်ဆင်ထားလျက် လက်ချောင်းရှည်များကြားတွင် ဖန်ခွက်ကိုင်းကို ညှပ်ထားလျက်.......ရွှေရောင်ဆံပင်များကို နောက်သို့ ခပ်ပွပွလှန်ထားသောအခါ နဖူးရှင်းရှင်းက ပြောင်ရှင်းလို့ မျက်ခုံးနက်နက်နှင့် ပယင်းရောင်မျက်ဝန်းများကို ပေါ်လွင်စေသည်.......အားနေသော တခြားလက်တစ်ဖက်က မီးစွဲနေသော စီးကရက်ကို ညှပ်ထားလျက်.......အနက်ရောင်ရေချိုးခန်းထဲတွင် ရေနွေးနွေးများ၏ ထိထွေ့မှုကို ခံစားရင်း မှန်နံရံအပြင်မှ တိုက်များနှင့်ကောင်းကင်ပြာကိုကြည့်သည်......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...