7

1.3K 144 15
                                    

"Volek.....မင်း အကြမ်းဖျင်းတော့ ချက်တတ်တယ်မလား.......အဆင်ပြေတဲ့ဟာတစ်ခုခုလုပ်ပေးလိုက်......."

စားဖိုမှူးများသည် ညအိပ်မဟုတ်သောကြောင့် bodyguard များနှင့် သန့်ရှင်းရေးများသာရှိသည်........ခုံတွင် ခြေထောက်ချိတ်ထိုင်ကာ ဝိုင်တစ်ငုံကို အပျင်းပြေသောက်ရင်း အပိုင်တွက်ပြောသော Captain Kim ကြောင့် Volek က ခေါင်းကုတ်ကာ ဟိုကြည့် ဒီကြည့်နှင့်.........

"ဒါ.....ဒါပေမယ့်......"

"အဆင်ပြေတာ လုပ်လိုက်ပါ.......ငါ ကိစ္စသေးသေးလေးတွေ အသေးစိတ်လိုက်မပြောချင်ဘူး....."

တည့်တည့်ကြည့်ကာ ပြောလာသော ပယင်းရောင်မျက်လုံးများကြောင့် Volek က အင်နေချိန်မရဘဲ အေပရွန်ကို ကောက်ဝတ်ကာ မီးဖိုချောင်ထဲ ဝင်သွားသည်.....တိတ်ဆိတ်ကာကျန်ရစ်ခဲ့သော လေထုတွင် မရရအောင် အကြည့်လွှဲသောသူနှင့် အတင်းအကြပ် အကြည့် လိုက်ဆုံသောသူ........

"ဟက်......ခွေးလေးလိုပဲ......အစာကျတော့တောင်းတတ်တယ်......"

ဝိုင်ခွက်အကြည်ရောင်ထဲမှ နီရင့်ရင့်အရည်များကို လှုပ်ခါနေအောင် ပျင်းတွဲတွဲ ဆော့ကစားသော Taehyung က ခပ်တိုးတိုးရေရွတ်သည်......
ကောင်လေး၏ လက်ပေါ်မှ တက်တူးများကိုကြည့်သည်.........ထို့နောက် သွေးခြောက်နေသော ဒဏ်ရာပရပွနှင့် ခြေထောက်ဖွေးဖွေးကိုကြည့်သည်.......ထို့နောက် ဆံပင်ခဲရောင်များနှင့်လိုက်ဖက်လွန်းသော မျက်နှာကိုကြည့်သည်.......ထိုကောင်လေးသည် သူကျဉ်လည်ရသောလောကတွင် ရှင်သန်ရသည်မှာ ဘယ်လိုမှ ယုံချင်စရာမရှိ.......

"အဲဒီ့ Owen က မင်းမွေးထားတာတော့ မဟုတ်ဘူးမလား......."

Owen ဆိုသည့်နာမည်ကြောင့် ဇက်ခနဲကြည့်လာသော မျက်လုံးများ......ထိုအခါ Captain အကဲခတ်မိသည်က ကောင်လေး၏ ကလေးနှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသောစိတ်........

"မွေးစားထားတာ......ဘာလို့မေးတာလဲ"

"အသုံးဝင်ကောင်းဝင်နိုင်တယ်လေ......"

စားပွဲကို ထုရိုက်သောအခါ တင်ထားသော ဖန်ခွက်များက တစ်ခုနှင့်တစ်ခုထိခတ်မိပြီး တချွင်ချွင်မြည်သည်........စူးတောက်လာသော မျက်ဝန်းနက်များနှင့်အံကြိတ်ထားသော မေးရိုးထောင်ထောင်များ...........

Fatal ImpactWhere stories live. Discover now