"Location တောင် စောက်ဖြစ်ရှိအောင် မရှာတတ်တာလား......."
စားပွဲကို ထုရိုက်ကာ ပြောသော လေသံက ခပ်ကျယ်ကျယ်......ဘေးမှ လက်အောက်ငယ်သားများက ကွန်ပြူတာ မျက်နှာပြင်မှ အရာများကို အာရုံမနည်းကပ်ကာ တုန်တုန်ရီရီ လိုက်ကြည့်ရင်း အလုပ်လုပ်ရသည်........
"Boss......အဲဒီ့ အဆောက်အအုံမှာလည်း မရှိပါဘူး.......ကျနော်တို့ရှာပြီးပါပြီ......"
"Shit....."
ထိုလူက ခပ်ကျယ်ကျယ် ဆဲကာ နက်ပြာရောင် ဆံပင်များကို ထိုးဖွလိုက်သည်......
"လက်ရှိ Kim Taehyung ရှိနေတဲ့ တည်နေရာကရော....."
"မရပါဘူး Boss.....ကျနော်တို့ရှာလည်း အဲဒီ့အဆောက်အအုံကိုပဲ အခေါက်ခေါက်အခါခါ ပြပါတယ်.......သူ Data တွေ အကုန် ပိတ်ထားပြီးသား ထင်တယ်......"
ဘာနှင့်မှ နှိုင်းယှဉ်မရသော ထိုလူ Kim Taehyung သည် Max ပြီးလျှင် ဒုတိယ ဉာဏ်အများဆုံးပင်........ခပ်ပြုံးပြုံး မျက်နှာဘေးနှင့် ဘယ်အရာကိုမဆို ဖျက်ဆီးပစ်တတ်သည်.......သူသတိအထားရဆုံး ကွန်ယက်ကြီးကြီးပင်.......
"Lim တို့အဖွဲ့......Mash ဘက်ကို ဒီညသွားရှာ......Van တို့အဖွဲ့က Zyron ဘက်ကို သွား.......ကျန်တဲ့အဖွဲ့တွေက မနေ့ညက plan ချထားတဲ့အတိုင်းပဲ လက်ရှိ target ကိုပဲ အာရုံစိုက်......"
ထိုသူ၏ အမိန့်သံသြသြနောက် ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များက ထိုဟောခန်းထဲမှ ထွက်ကာ ပြင်ဆင်ကြသည်.......
"Jungkook ကို မတွေ့မချင်း ပြန်မလာနဲ့.....ငါအချိန် ၈ ရက်ပဲ ပေးမယ်.....မတွေ့ရင် အကုန်လုံးကို ပစ်သတ်မယ်......."
"ဟုတ်ကဲ့ပါ Boss"
လက်အောက်ငယ်သားများ၏ ပြိုင်တူရွေတ်သံနောက် ထိုဟောခန်းထဲမှ ထွက်ခဲ့ရာ တိတ်ဆိတ်သော အိပ်ခန်းဆီသို့.......ရင်အုပ်ကျယ်ကျယ်ထိုးထွက်ရာ dress shirt အနက်အား ကြယ်သီးများကို အောက်ထိဖြုတ်ကာ ခုံပေါ်သို့လေးကန်စွာ ထိုင်ချလိုက်သည်......သက်ပြင်းချကာ ပြင်းရှရှ အရည်များကို လည်ပင်းတစ်လျှောက် စီးမျောစေသည်.......ရှုပ်ထွေးနေသော အတွေးများကြားမှ ဆွဲမြင်မိသော ခက်ထန်ထန် မျက်ဝန်းနက်နက်များ.......ဘယ်တွေများ ရောက်နေပြီလဲ........Kim Taehyung များ သတ်လိုက်လေပြီလား.......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...