<Unicode>
At "FOREVER" Cafeကိုကို့ရဲ့ချိန်းဆိုမှု့ကြောင့် အသက် ဒီဆိုင်လေးကိုရောက်နေပါတယ်..ကိုကိုလဲရှိနေတယ်..ဒါပေမဲ့ ဘာစကားမှမပြောကြ။ တခြားဝိုင်းတွေက အနည်းငယ်ဆူညံနေပေမဲ့ အသက်တို့ဝိုင်းကတော့ တိတ်ဆိတ်ဆဲ...ဘာမှ မှာမထားတာကြောင့် စားပွဲပေါ်မှာလဲ ရှင်းလင်းနေတယ်...
"ကိုကို"
"အသက်"အချိန် ၁၅မိနစ်ကျော်ကြာ နှစ်ယောက်လုံးတိတ်ဆိတ်နေပေမဲ့ ထိုတိတ်ဆိတ်မှု့ကို ဖြိုခွင်းလိုက်တာကလဲ နှစ်ယောက်လုံး ပါဘဲ..
"ကိုကို ပြောစရာရှိတယ်ဆို ကိုကိုဘဲပြောပါ"
အသက်ဘက်ကဘဲ စကားလမ်းကြောင်းစပေးလိုက်တယ်...မနေ့ညကတည်းက အသက် တစ်ညလုံး သေချာစဥ်းစားခဲ့ရသလို အသက်ကိုယ့်စိတ်ကိုလဲ ပြင်ဆင်လာပြီးပြီမို့ အသက်ကတော့ တည်တည်ငြိမ်ငြိမ်ပါဘဲ... ကိုကိုကတော့ မဟုတ် ရောက်လာထဲက အသက်ကိုကြည့်လိုက် စားပွဲခုံးကြီးကိုသာ ငုံကြည့်လိုက်နဲ့ လုပ်နေတာ...အသက်ကို တစ်ခါတစ်ခါ လာကြည့်တဲ့ အကြည့်တွေမှာ အသက်ကို အားနာနေတဲ့အကြည့်တွေ တောင်းပန်တယ်ဆိုတဲ့ အကြည့်တွေ ထိုအကြည့်တွေကို အသက်သေချာဖတ်တက်ပါတယ်..
" ကိုကို တောင်းပန်ပါတယ် အသက်"
"ဘာအတွက်လဲ"
အသက်သိပါတယ် ဘာအတွက်လဲဆိုတာ...
"ဟို..ဟို.. အသက်ကို ကိုကိုတကယ်ချစ်ခဲ့တာပါ ကိုကိုတကယ်ချစ်ခဲ့တာပါ အသက်ရယ်"
ယုံပါတယ်။ အသက်ယုံပါတယ်။ ကိုကို ရန်ကုန်ရုံးခွဲ မသွားခင်အထိကပေါ့။ အခုတော့ ဒီစကားကို အသက် သိပ်မယုံချင်တော့ဘူး ကိုကို....
"ဒါပေမဲ့ အသက်ရာ... ကိုကိုမှာ ရွေးချယ်စရာမရှိတော့လို့"
ဟင့်အင် ရှိတာပေါ့ ကိုကိုမှာ သိပ်ရှိတာပေါ့ ...
ကိုကိုချစ်ပါတယ်ဆိုတဲ့ အသက်နဲ့ ကိုကို့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုကို့မိသားစု။ အဲ့နှစ်ခု မှာ တစ်ခုခုကို ကိုကိုရွေးချယ်ခွင့်ရှိပါတယ်...မနေ့ညကအထိ ကိုကို အသက်ကိုဘဲရွေးချယ်ရင်ဆိုတဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြီးကို လောဘတက်မိသေးတာ..
YOU ARE READING
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)