<Unicode>
"လင်မယားလုပ်တမ်း ကစားကြမယ်..""ဘာ!!"
ရိုးမြေ ရူးများသွားပြီလား.....ဘာကို လင်မယားလုပ်တမ်းကစားမှာ...
"တိုးတိုးအော်လဲ ကြားပါတယ်ဗျ..ယာယာလေးတောင် လန့်သွားပြီ..."
ရိုးမြေပြောတော့ အသက် ယာယာလေးကို ကြည့်လိုက်တယ်...တကယ်လန့်သွားတဲ့ပုံဘဲ...
ယာယာလေးရေ မင်းတင်မဟုတ်ဘူး ငါပါ မင်းကိုကိုရိုးမြေကြောင့် လန့်သွားရတာ လို့ တော့ စိတ်ထဲမှာဘဲပြောလိုက်တယ်...
ယာယာလေး နောက်ထပ်လန့်မှာ ဆိုးလို့ ကျောလေးကို ဖွဖွလေး ပုတ်ပေးပြီး ရိုးမြေ နားကပ်ကာ တိုးတိုးလေး ပြန်ပြောလိုက်တယ်..."ရိုးမြေ ဘာတွေ အရူးထနေတာလဲ.."
"အရူးမထပါဘူး လင်မယားလုပ်တမ်းဘဲ ကစားချင်တာ.."
"ဖြစ်မှ မဖြစ်နိုင်တာ.."
"ဘာလို့မဖြစ်နိုင်ရမှာလဲ..ငယ်ငယ်က ဆို ခဏခဏ ဆော့နေကြဘဲလေ.."
"ကျစ်...ငယ်ငယ်ကဟာက ငယ်ငယ်ကဘဲလေ.."
အသက် ရိုးမြေကို တကယ်စိတ်မရှည်တော့...ငယ်ငယ်က ပေါက်တက်ကရဆော့ခဲ့ကြတဲ့ဟာကြီးကို အခု ကြီးနေပြီလေ..ဆော့စရာလား..
"ကြီးကြီး ငယ်ငယ် ဆော့လို့ရပါတယ်ဗျာ ....အသက်ကြီးသွားရင်မကစားရဘူးလို့ ဘယ်ဥပဒေမှာ ပြဌာန်းထားလို့လဲ..ကျုပ်ကိုပြော..."
ကြည့် စကားကို ကပ်သပ်ပြီး ပြောနေတာ ဒီကောင်...
"မကစားရဘူးလို့ မပြောထားပါဘူး..ဒါပေမဲ့ အခုဟာကြီးက ကစားလို့မကောင်းဘူးလေ.."
"ကောင်းပါတယ် အသက်လေးရဲ့.."
"ရိုးမြေ!!"
အသက်မှာ စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်ပေမဲ့ ယာယာလေး လန့်သွားမှာစိုးလို့သာ အံကြိတ်ပြီး ပြောရတယ်...
"ဗျာ..."
အံမယ် လူက သူ့နာမည်ခေါ်ချင်လို့ ခေါ်နေတာများ မှတ်နေလား မသိ.."ဗျာ" တဲ့
"ဘာဖြစ်ချင်နေတာလဲ..."
"လင်မယားလုပ်တမ်း ကစားချင်တာလို့.."
"ကျစ်..!"
အသက် တကယ့်တကယ်ကြီးကို စိတ်မရှည်တော့ဘူး ဒီကောင့်ကို...
ယာယာလေး နေမကောင်းလို့ စိတ်ညစ်နေရတဲ့အထဲ သူက တစ်မှောက်...
YOU ARE READING
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)