Part-28 U&Z

938 40 4
                                    

<Unicode>
သင်္ကြန် အတက်နေ့.....

တိတ်ဆိတ်နေသော ထမင်းစားဝိုင်း တစ်ခုဝယ်....

ဇွန်း၊ ခယင်း ချသံကလွဲ ပြီး တခြား မည်သည့် အသံ တစ်စိုးတစ်စ မျှတောင်မကြားရပေ...

ထမင်းစားဝိုင်းတစ်ခု ဆိုပေမယ့် အတိအကျ ပြောရရင် မိသားစု ထမင်းစားဝိုင်းတစ်ခုဆို ပိုမှန်မည်..

မိသားစု ထမင်းဝိုင်း အင်းး ဟုတ်ပါတယ် မိသားစုထမင်းဝိုင်းပေါ့။ ဒါပေမဲ့ ထိုအရာဟာ အမည်ခံသက်သက်ဘဲ ...

ကိုယ်အမြတ်နိုးတန်ဖိုးထားရ‌ဆုံး အရာ၊ ဒီဘဝမှာ သူမရှိရင် အသက်မရှင်ချင်လောက်တော့တဲ့အထိ ကိုယ့် ဘဝ အတွက် အရေးကြီးဆုံးသောသူ၊ ကျွန်တော့်ဘဝရဲ့ ပျော်ရွှင်ခြင်းလေး...

ကျွန်တော်မြတ်နိုးရတဲ့ ပျော်ရွှင်ခြင်းလေးကို ကျွန်တော့်ရဲ့ အဝေးဆုံး ထွက်သွားစေခဲ့တာ ကျွန်တော့်ကို သိပ်ချစ်တဲ့ ကျွန်တော့် မိသားစု ကပေါ့ဗျာ...

အဟတ် ရယ်ရတယ်ဗျ...

အရာရာမှာ မိဘ စေရာသွား၊ မိဘ လက်ညှိုးညွှန်ရာ စေခိုင်းသမျှ လုပ်၊ မိဘ ကြိုးဆွဲရာ ကနေရတာတွေ ဒါတွေ အားလုံးဟာ ကျွန်တော့် မိဘက ကျွန်တော့်ကို သိပ်ချစ်လို့ပါ တဲ့ဗျာ...

ကြောက်ဖို့ ကောင်းလိုက်တာဗျာ...
ကျွန်တော် ကြောက်မိနေပြီဗျ
ကျွန်တော့် မိဘတွေ ကျွန်တော့်ကို ချစ်တာတွေကို ကျွန်တော် သေမတက် ကြောက်လှပါပြီဗျာ..
ကြောက်လွန်း လို့ အဝေးဆုံးကို ထွက်ပြေးချင်မိတဲ့အထိဘဲ..

ဒါပေမဲ့ ကျွန်တော့်မိဘ ဆိုတဲ့ အသိကြောင့် အရာအားလုံးကို ဥပေက္ခာ မပြုနိုင်ပြန်ဘူးဗျ...
ကျွန်တော့်ကို တက်လည်း တက်နိုင်လွန်းတဲ့ လူလို့ မြင်နေကြပြီလား..
အဟတ် မိဘရဲ့ အချစ်တွေကို မခံချင်တော့ဘူးလဲ ပြောသေးတယ် မိဘ လောင်းရိပ်ကနေ အခုထိ မထွက်နိုင်သေးဘူးလေ ...

အခုလို မပြတ်သားတဲ့ ကျွန်တော့်ကို ကျွန်တော်လဲ သိပ်မုန်းတယ်...
တစ်ခုခုကို ပိုင်ဆိုင်ချင်ရင် တစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုတဲ့ အရာကြီးကိုလဲ ကျွန်တော် သိပ်မုန်းမိတယ်ဗျ...

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now