Part-37 U&Z

1K 24 2
                                    

<Unicode>
လမ်းကလေးထက်ဝယ်.....

ကားအနက်ကလေးတည်ရှိနေတာ အချိန်အတော်ကြာနေပြီဖြစ်သည်။ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်နှင့်အပြိုင် ကားကလေးမှာလဲ လှုပ်ရှားမှု့မရှိ ငြိမ်သက်နေသည်....

ဘေးတစ်ဖက်စီတွင် ကွင်းပြင်အကျယ်ကြီးတွေသာရှိပြီး လူနေအိမ်များမရှိပေ။ လူအသွားအလာ ကင်းပြီး ဆိုင်ကယ်(လ်) ၊ကား အသွားအလာမှာလဲ မရှိသလောက် ရှင်းနေသည်။ ညနေခင်း အချိန်ဖြစ်သော်ငြား တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အခြေအနေက ကျောချမ်းစရာပင်....

အပြင်ဘက်တွင် ညနေခင်းလေဖြူးဖြူးလေးများ တိုက်ခတ်နေပေမဲ့ ကားအတွင်းရှိ လေထုမှာ ပိုပြီး အေးစက်နေသည်။ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ထက် ရောက်ကတည်းက ဘာစကားမှမဆိုဘဲ ကျောက်ရုပ်သဖွယ် ထိုင်နေသည့် သုန်သုန့်ကြောင့် အနွယ်ပိုပြီး နေရခတ်လှသည်....

သုန်သုန်ချိန်းလို့ အနွယ် ဒီနေရာကို လာခဲ့ရပေမဲ့ ‌သုန်သုန်က ဘာစကားမှမဆိုဘဲ နှုတ်ဆိတ်နေတာ အချိနိအတော်ကြာနေပြီဖြစ်သည်။ နှုတ်ကသာ ဘာစကားမှ ထွက်မလာပေမဲ့ မတည်ငြိမ်သည့် သုန်သုန့်မျက်ဝန်းများမှာ စိုးရိမ်ကြောက်ရွံ့ခြင်းအပြည့်ခြုံလွှမ်းနေသည်။ တစ်ခါတစ်ခါ လက်ဖျား၊ခြေဖျားတွေပါ တုန်နေပြီး နှုတ်ခမ်းပါးများပင် ခြောက်ကပ်နေသည်။ သုန်သုန့်ရဲ့ပုံစံမှာ အတော်လေး တုန်လှုပ်ခြောက်ခြားလို့နေသည်....

ဘာလို့လဲ။ ဘာလို့ သုန်သုန်က အခုလိုဖြစ်နေရတာလဲ။ ဒိုရာ့နာရေးပြီးကတည်းက ရုတ်တရက် အဆက်သွယ်တွေ ဖျက်ပြီးပျောက်သွားပြီး မထင်မှတ်ဘဲ ပြန်ဆုံခဲ့တဲ့အချိန်မှာ သုန်သုန်က ဘာလို့ အနွယ်နားမလည်နိုင်တဲ့ ပုစ္ဆာတွေ လာပေးနေရတာလဲ။ ရှုပ်ထွေးနေတဲ့ အနွယ့်ရဲ့အခြေအနေမှာ သုန်သုန်ကပါ ထပ်ပြီး ပိုရှုပ်ထွေးစေခဲ့သည်။ အခုဆို အနွယ့်ခေါင်းတစ်ခုလုံး ထူပူပြီး ဘာတွေဖြစ်နေလဲဆိုတာကိုပင် မတွေးတက်တော့ပါ...

မနေ့ညက တစ်ညလုံးလဲ သုန်သုန်ပြောမဲ့ အကြောင်းအရာကို မှန်းဆတွေးမိပေမဲ့ စိတ်ရှုပ်ထွေးခြင်းများသာ တိုးလာပြီး အိပ်မရခြင်းသာ အဖတ်တင်ခဲ့သည်။ ဘာအကြောင်းတွေများ ဖြစ်နိုင်မလဲ။ ဘယ်လောက်ထိ ဆိုးရွားလို့ သုန်သုန်က အခုလို ဖြစ်နေရတာလဲ။ ဘာမှမဖြစ်သလို အဆင်ပြေနေတဲ့ သုန်သုန်က ရုတ်တရက် ဦးရဲ့ဓာတ်ပုံကိုတွေ့ပြီး အခုလို ဖြစ်သွားရတာ ဘာကြောင့်လဲ။ ဦးနဲ့ဘယ်လို ပတ်သက်နေတာလဲ။ သုန်သုန်မှာ အနွယ်မသိတဲ့ အကြောင်းအရာက ဘာများလဲ...

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now