Part-41 Unicode

738 25 4
                                    

(လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်ရှင်)

အကြိမ်ပေါင်းများစွာခေါ်နေလဲ စက်ပိတ်ထားသည်ဟုသာ ဖြစ်နေသောကြောင့် အသက် စိုးရိမ်လာသည်...

လူဆိုးကောင်ဆီက ဖုန်းပြန်တောင်းလို့ ရရချင်းမှာ ဖုန်းဖွင့်ကြည့်တော့ အနွယ်က လွန်ခဲ့တဲ့နာရီပိုင်းလောက်ကပင် Call ပေါင်းများစွာ ခေါ်ထားသည်လေ....
ဒီရက်ပိုင်း အနွယ်နဲ့ပတ်သတ်တဲ့ အိမ်မက်တွေကလဲမကောင်းတော့ ပိုပြီး စိုးရိမ်စိတ်မြင့်တတ်နေရသည်...

ဘာတွေများ ဖြစ်နေလဲ အနွယ်ရယ်....ငါလဲ ဖြစ်ပျက်သမျှတွေက အရမ်းကိုမြန်ဆန်လွန်းတော့ နင့်ကို ပစ်ထားသလိုဖြစ်သွားတာ တောင်းပန်းပါတယ် အနွယ်ရယ်...နင် အဆင်ပြေမှာပါနော်..အဆင်ပြေပါစေဟာ...

"အနွယ်အနုတ်စုတ်ဂုတ်စုတ်" ဆိုတဲ့ Contact လေးကို ကြည့်ပြီး အသက်စိတ်ထဲမှ တဖွဖွ အနွယ့်အတွက် ဆုတောင်းပေးနေသည်....
တွယ်တာရာဆိုလို့ အသက်သာ ရှိတဲ့ အနွယ့်မှာ အခုဆို ဘယ်လောက်တောင်အထီးကျန်နေရှာမလဲ...စိတ်ထင်ရာတွေလျှောက်လုပ်ပြီး လမ်းမှားများရောက်နေမလား...
အနွယ့်စိတ်က ထိန်းချုပ်ဖို့ခတ်တယ်...စိတ်ထဲရှိရင် ရှိသလိုနေတယ်..ဘာကိုမှ ထိန်းချူပ်ထားခြင်းမရှိဘူး..ပျော်ရင်လဲ မီးကုန်ရမ်းကုန်ပျော်တယ်...ဝမ်းနည်းပြီဆိုရင်လဲ နှစ်သိမ့်ပေးဖို့ ခတ်တယ်...ဒေါသထွက်ရင်လဲ ထိန်းရခတ်တယ်...အဆိုးဆုံးက ကြောက်စိတ်ဘဲ။ အတိတ်က အရိပ်မည်းတွေရဲ့ ခြောက်လန့်မှု့တွေကြောင့် အနွယ့်ရဲ့ အကြောက်တရားတွေက ပိုပြီးကြီးထွားလာခဲ့ရတာ။ တစ်ခုခုဆီကနေ ရုန်းထွက်ဖို့ကလဲ ခတ်တယ်။ အထူးသဖြင့် အဲ့ဒီအကြောက်တရားတွေဆီကပေါ့...

အတိတ်မှာ ပိတ်မိနေတဲ့ အနွယ့်ကို ကယ်တင်ပေးမဲ့ ကယ်တင်ရှင်နဲ့ အမြန်ဆုံးတွေ့စေချင်တာ အသက်အဖြစ်စေချင်ဆုံးဆန္ဒတွေထဲက တစ်ခုပါ....

တကယ်တော့ အနွယ်က အချစ်ခံရဖို့ ထိုက်တန်တဲ့သူပါ.. အခမ်းနားဆုံးမေတ္တာနဲ့ အလှပဆုံး ရှင်သန်ခွင့်ထိုက်တန်တဲ့သူပါ...အဲ့ဒီနေ့လေး အမြန်ဆုံးရောက်လာဖို့ မျှော်လင့်ပါတယ် အနွယ်ရယ်....

You've reached the end of published parts.

⏰ Last updated: May 30 ⏰

Add this story to your Library to get notified about new parts!

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now