Part-4 U&Z

2.2K 109 15
                                    

<Unicode>
ဟိုင်းဝေးလမ်းမကြီးပေါ်မှာ...

Express ကားလေးတစ်စီး ခရီးသည်အမြောက်အများနဲ့အတူ ပုံမှန်နှုန်းထားဖြင့်မောင်းနှင်နေသည်..

အသက် ဒီနေ့ မေမေ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မြင်းခြံမြို့နယ်ထဲက ကိုင်းစံပြကျေးရွာလေးကိုသွားနေတာဖြစ်သည်။မေမေက ဘေးခုံမှာ အိပ်လိုက်လာပေမဲ့ အသက်တို့ကတော့ မအိပ်နိုင် အကြောင်းမှာ ကားမူးနေလို့ဖြစ်သည်။မျက်လုံလေး မှိတ်လိုက်တာနဲ့ တရိတ်ရိတ်ပိုမူးလာတာမို့ မှိတ်လိုက် ဖွင့်လိုက် မှေးလိုက်နဲ့ဘဲ လိုက်လာရသည်..

မေမေတို့ ရွာလေးကဧရာဝတီမြစ်ဘေးမို့ အရင်က သင်္ဘောဖြင်သာ သွားလို့ရသည်။အခုတော့ လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်နေပြီမို့ ကားဖြင့်သွားကြတာများသည်။ အသက်တော့ အချိန်ကြာပေမဲ့ သင်္ဘောဖြင့်သာ သွားချင်သည်။ သင်္ဘောပေါ်မှာ လှိုင်းလေးတွေနဲ့အတူ တငြိမ့်ငြိမ့်နဲ့ တိုက်ခတ်လာတဲ့ လတ်ဆက်တဲ့ လေညှင်းလေးတွေကို တဝကြီးခံစားပြီး အေးအေးဆေးဆေးလေးသွားချင်သည်။အခုတော့ သဘာဝလေလေးအစား မေမေပေးထားတဲ့ ရှူဆေးဗူးကြီးကို ရှူကာ ကားခုံလေးကို အမှီသဟဲပြုပြီးလိုက်လာရတော့သည်.

ပုံမှန်နှုန်းထားလေးနဲ့ မောင်းနှင်လာတဲ့ ကားလေး မြင်းခြံမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်လေးကိုကျော်ကာ မြင်းခြံမြို့အတွင်းသို့ ဝင်ခဲ့လေပြီ...
ထို့ကြောင့် အသက်လဲ မေမေကို နှိုးရလေသည်

"မေမေ မေမေ့"

"ဟင်..ဟင်"

နှစ်ခွန်းလောက် နှိုးရုံနဲ့ မေမေတို့ နိုးသွားသည်

"မြင်းခြံ မြို့ထဲရောက်နေပြီ မေမေ"

"အင်း ဟုတ်သားဘဲ ကားကြီးကွင်းကိုတောင်ရောက်တော့မယ်"

"ဟိုလေ အသက်တို့ ကားတော့ ထပ်မစီးတော့ဘူးမလား.."

မေမေတို့ရွာလေးက မြင်းခြံမြို့ရဲ့ မြောက်ဘက်မှာရှိသည်..မြင်းခြံမြို့ကနေ ကားဖြင့်သွားမယ်ဆို ၁နာရီကျော်လောက်သွားရသည်..အသက်ကားထပ်မစီးနိုင်တော့ပါ..အခု ၂နာရီကျော် ၃နာရီကြီးတောင် အသက် မနဲအောင့်အီးသည်းခံပြီး စီးလာရတာ..တော်သေးတာပေါ့ ကားမူးပျောက်ဆေးလေးသောက်ထားလို့ မဟုတ်ရင် တဝေါ့ဝေါ့နဲ့ အန်နေမှာ..

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now