<Unicode>
သင်္ကြန်အကြတ်နေ့......"ဦးရေ မြန်မြန်လာကွာ...ဇာတ်ကားကြည့်ကြပါမယ်ဆို...."
အနွယ် တစ်ယောက် Tv ရှေ့က ဆိုဖာပေါ်မှာ ထိုင်ကာ နှုတ်ခမ်းလေး ဆူပြီး အိပ်ခန်းထဲမှ အခုထိ ထွက်မလာသေးတဲ့ ချစ်သူ အကောင်းစားကြီးကို ခေါ်နေသည်။
ဟုတ်တယ် ရေချိုးပြီး အိပ်ခန်းထဲမှာ အဝတ်လဲနေတာ ထွက်ကိုမလာတော့ဘူး။ အိမ်ထဲမှာဘဲနေပြီး Tv ကြည့်မှာကို ဘာတွေ ဒီလောက် ရှိုးထုတ်နေတယ်မသိဘူး။ ကြာတော့ စိတ်မရှည်တော့....
"လာပြီ ဘေဘီရေ...!!"
အနွယ် စိတ်တွေ အဆုံးစွန်ထိ ရောက်တော့မယ့်အချိန်မှ အခန်းထဲမှ ပြာပြာသလဲ ထွက်လာသည်။
ကြည့် အခန်းထဲမှာ အကြာကြီး နေပြီး အခုထိ ခေါင်းကို ပြောင်အောင် မသုတ်ခဲ့ဘူး။ တံပတ်တစ်ထည်ဖြင့် စိုစွတ်နေသည့် ခေါင်းကို သုတ်နေရင်း အနွယ့်ဘေးနား ဝင်ထိုင်သည်။
ရေချိုး ပြီးခါစမို့ ဦး ဆီမှ ရတဲ့ ကိုယ်သင်းရနံ့လေးဟာ သင်းပျံ့နေသည်။ ယောင်္ကျားဆန်တဲ့ ကိုယ်သင်းရနံ့မျိုးနဲ့ ဦး က ရေချိုးပြီးခါစတောင် အတော်ကြီး ကြည့်ကောင်းနေသည်။ ဘာလို့ ဒီလောက်ထိ ပြီးပြည့်စုံနေရတာလဲ!!
အဲ့ဒါကြောင့် ဒီနေ့ သင်္ကြန်အပြင်မလည်ဖြစ်ဘဲ အိမ်တွင်းပုန်းလုပ်နေကြတာ။ အရင်နှစ်ရက်လုံး သင်္ကြန်ရေပတ်ခံ ထွက်ကြတာ ကိုယ့်မှာ ကောင်းကောင်း ရေပတ်မခံရဘူး။ ကောင်မလေးတွေတင်မကဘူး ကောင်လေးတွေကပါ သူ့ကို လည်ပြန်ငေးနေကြလို့လေ..
တောင့်တင်းလှတဲ့ ခန္ဓာကိုယ်ကြီးက ရေတွေစိုနေတဲ့အချိန်မှာ ပိုလို့ ပေါ်လွင်နေသည်။ သိပ်ကို ယောင်္ကျားပီသပြီး ချောမောနေလိုက်တာများ။ ကိုယ့်ဘဲ ဆိုတာ ယုံကို မယုံနိုင်အောင်အထိဘဲ။ အိမ်မက်မက်နေသလားအောက်မေ့မိတယ် တကယ်။ ခွက်စောင်းခုတ်ခံလိုက်ရတဲ့ အချိန်မှသာ အိမ်မက်မဟုတ်မှန်း သိရတာ။ တကယ် တကယ် ဒီဘဲကြီးကို ပိုးစိုးပတ်စက် ကြွေတာ....
အနွယ် တဖြုတ်ဖြုတ်ကြွေနေရတဲ့ ကိုယ့်ဘဲကို တခြားလူတွေ အကြည့်လေးတစ်ချက် ကြည့်သွားတာတင်ကို အရမ်း သဝန်တိုမိတာ။ အနွယ် ဦး ကို တကယ်ကြီး ချစိမိသွားတာ။ အချစ်ကြီးလေ ဦးပေါ်ထားတဲ့ အနွယ်ခံစားချက်တွေဟာ ပိုမို နက်နဲလာကာ နည်းနည်းလေးမှ တစ်ပါးလူလက်ထဲ အပါမခံချင်တဲ့ စိတ်က လုံးဝဖျောက်လို့ကိုမရတော့ဘူး။
YOU ARE READING
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)