<Unicode>
မြေပြင်ပေါ်မှာ ကောင်ငယ်လေးတစ်ယောက် လဲလျောင်းနေတယ်......ထိုကောင်ငယ်လေးကို လူတွေ ဝိုင်းအုံကြည့်နေကြတယ်။ အားလုံးက စက်ဆုပ်ရွံရှာတဲ့အကြည့်တွေနဲ့ပေါ့။ ကောင်ငယ်လေး ငိုနေရှာတယ်။ နှင့်နှင့်သဲသဲကို ရင်ကွဲမတက်ငိုနေရှာတယ်။ ဒါပေမဲ့ အားလုံးက ဥပေက္ခာပြုထားကြတယ်။ ဆက်စုပ်ရွံရှာတဲ့ အကြည့်တွေအပြင် မလိုမုန်တီးတဲ့ စကားလုံး အကြမ်းကြီးတွေနဲ့ ကောင်ငယ်လေးကို လက်ညိုးထိုးကာ ထိုးနှက်နေကြတယ်။ ကောင်ငယ်လေး တောင်းပန်နေတယ်။ လက်အုံချီ ရွံ့ကျိုးပြီးတော့ ငိုနေရင်းနဲ့ကို တောင်းပန်နေရှာတယ်။ ဒါပေမဲ့ အားလုံးက အလေးမထား ဥပေက္ခာပြုထားကြတဲ့အပြင် ကောင်ငယ်လေးကို ပိုပိုပြီး စကားလုံးအကြမ်းကြီးတွေ ရွံရှာ မုန်းတီးတဲ့ အကြည့်တွေနဲ့ဘဲ ထိုးနှပ်နေကြတယ်။ ကောင်ငယ်လေး ကြောက်လာတယ်။ ဒီနေရာမှာ ထက်မနေရဲချင်တော့လောက်အောင်ကို ကြောက်နေပြီ။ ထွက်သွားချင်ပြီ။ ဒီလူတွေရဲ့အဝေးဆီ။ မခံစားနိုင်တော့ဘူး။ မခံစားချင်တော့ဘူး ဒီပူလောင်မွန်းကျပ်လွန်းတဲ့ ခံစားချက်ကြီးကို ထပ်ပြီး ခံနိုင်ရည်မရှိတော့လို့။ လွတ်မြောက်ခွင့်ပေးကြပါ။ တော်ကြပါတော့။ မခံစားနိုင်တော့လို့ပါ။ တော်ကြပါတော့......
"ဟင့်အင် ဟင့်အင် မဟုတ်ဘူး မဟုတ်ပါဘူး တော်ပါတော့ တောကြပါတော့. အားးး!!!"
အသံကုန်အော်ဟစ်မှု့နဲ့အတူ အနွယ် အိပ်ရာပေါ်မှ လန့်နိုးလာတယ်။ တစ်ကိုယ်လုံး ချွေတွေရွှဲကာ ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေအသွင်သွင် စီးနေတယ်။ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေတယ်။ ခံနိုင်ရည်အားမရှိလို့ မွေ့ယာ ပေါ်က အိပ်ရာခင်းစကို တင်းတင်းဆုပ်ကိုင်ပြီး အားပြုကာ ထိုင်နေရတယ်။
အနွယ် ပတ်ဝန်းကျင်ကို မျက်လုံးလေးဖြင့် ဝေ့ကြည့်လိုက်တယ်။ ဒါ သူ့အခန်းဘဲ။ ခုနက ရွံရှာမုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ လူတွေမရှိဘူး။ မလိုမုန်းတီးတဲ့ စကားတွေနဲ့ ထိုးနှပ်နေတဲ့ လူတွေ မရှိဘူး...
တော်သေးတယ်။ တကယ် တော်သေးတာပေါ့...."ငါ အိပ်မက်မက်နေတာဘဲ..."
အနွယ် စိတ်ပျက်စွာ နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်တွေကို လှန်တင်လိုက်တယ်။ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူထုတ်ကာ အိပ်ရာပေါ်မှ ကတုန်ကရီ ဖြင့် ထလိုက်တယ်။ မီဖိုးခန်ဆီ တုန်တုန်ရီရီဖြင့် မနဲ ထိန်းသွားပြီး စားပွဲပေါ်က ရေကရားထဲက ရေအချို့ကို ဖန်ခွက်ထဲလောင်းထည့်လိုက်တယ်။ အနွယ့် လက်တွေ တုန်နေတယ်။ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထိန်းပေးမဲ့ တည်ငြိမ်မှု့ အလျင်းမရှိ။ ဖန်ခွက်ထဲမှာ ရေအနည်းငယ် ရှိနေပြမို့ ရေကရားကို စားပွဲပေါ်ပြန်ချပြီး ဖန်ခွက်ကလေးကို ကိုင်ကာ ရေသောက်ဖို့ လုပ်လိုက်တယ်....
ESTÁS LEYENDO
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)