<Unicode>
နောက်ဆုံးတော့ ကိုင်းစံပြကျေးရွာလေးကို ရောက်ရှိခဲ့လေပြီ......ဘောင်ပေါ်မှ ဆင်းရန် ပြုလုပ်ထားသော ကုန်းဆင်းလမ်းလေးကနေတဆင့် ရွာအဝင် တံတားလေးဆီသို့ ဖြေညှင်းစွာ မောင်းနှင်လိုက်သည်။ တံတားလေးရဲ့ အရှေ့တည့်တည့်မှာတော့ ကားနှစ်စီးစာ သွားလို့ရတဲ့ မြေနီလမ်း အကျယ်ကြီးရှိသည်။ ထိုမြေနီလမ်းကြီးရဲ့ ထောင့်စွန်းလေးမှာ အုတ်နဲ့ပြုလုပ်ထားပြီး အစိမ်းရောင်ဆေးလေး သုတ်ထားသည့် "ကိုင်းစံပြကျေးရွာမှ ကြိုဆိုပါ၏" ဆိုသည့် ဆိုင်းဘုဒ်ကလေးရှိသည်။ မြေနီလမ်းရဲ့ အနောက်ဖက်မှာတော့ ရွာရဲ့ မူလတန်းအထိဘဲ သင်ကြားနိုင်သည့် စာသင်ကျောင်းလေးရှိသည်။ မူလတန်းကျောင်းဆိုပေမယ့် ကျောင်းဝန်းကြီးမှာ တော်တော်လေးကျယ်ဝန်းလှပါသည်။ အာဆီ တစ်ထပ်တိုက်စာသင်ဆောင်လေး တစ်ဆောင်ရှိပြီး ထိုစာသင်ဆောင်ရဲ့ အရှေ့မျက်နှာချင်းဆိုင်တွင် သစ်သားဖြင့်ဆောက်လုပ်ထားပြီး ဝါးထရံများ ကာ ကာ ထန်းလတ်များမိုးထားသည့် စာသင်ဆောင်လေးရှိသည်။ ကုက္ကိုပင်ကြီးများ သုံး လေးပင် ရှိတာမို့ တော်တော်လေး အရိပ်ရပြီး အေးချမ်းလှပါသည်။ မြေနီလမ်းရဲ့ အရှေ့ဖက်မှာတော့ စျေးကုန်းလေးရှိသည်။ စျေးကုန်းဆိုပေမယ့် စျေးတန်းအရှည်ကြီးမဟုတ်ပါ။ ဆိုင်ခန်း ၁၀ ခန်းလောက်ကို မျက်နှာချင်းဆိုင် ကိုယ်ရတဲ့နေရာမှာ အဆင်ပြေသလို ဆောက်လုပ်ထားကြပြီး ကြားထဲမှာ ထော်လာဂျီ တစ်စီး အသာလေးသွားလို့ရသည့် လမ်းကလေးလဲ ရှိသည်။ ကုန်မာ၊ကုန်စိမ်း၊စတိုးဆိုင်၊လက်ဖက်ရည်ဆိုင်၊မုန်ဆိုင်နဲ့ အဝတ်အစားဆိုင်များသာရှိပြီး အသားစိမ်းငါးစိမ်းရောင်းသူများတော့မရှိပါ။ အသားငါးကိုတော့ တခြားရွာမှ လာရောက်ရောင်းချသည် ဒါမှမဟုတ် ရွာမှ မွေးမြူရေးခြံတွေမှာ ဝယ်ကြသည်။ စျေးကုန်းတွင် စျေးရောင်းချသူများမှာလဲ ကိုင်းရွာမှ ရွာခံတွေဖြစ်ပြီး ထိုစျေးလေးမှာ ကိုင်းရွာလေးရဲ့ သီးသန့်စျေးလေးလဲ ဖြစ်သည်။ ကိုင်းရွာလေးရဲ့ အစည်ကားဆုံးနေရာလေးလဲ ဖြစ်သည်။
အသက်တို့ ရွာထဲသို့ တန်းမဝင်ကြဘဲ ဘုန်းကြီးကျောင်းသို့ အရင်ဝင်ကြသည်။ ထို့ကြောင့် တံတားလေးမှ ရှေ့တည့်တည့်သို့မသွားဘဲ အနောက်ဖက်သို့ကွေ့ကာ အနီရောင် မုဒ်ပေါက်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ သွားကြသည်။ ဘုန်းကြီးကျောင်း အရှေ့မှာတော့ မြက်ပင်စိမ်းစိမ်းလေးတွေနှင့် အတော်အတန် ကျယ်ဝန်းသည့် ဘောလုံးကွင်းရှိပြီး ထိုဘောလုံးကွင်းရဲ့ အရှေ့ကပ်ရက်မှာတော့ ဘုန်ကြီးကျောင်းသို့ဝင်ရန် လှည်းလမ်းကလေးတစ်ခုရှိသည်။ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေကြသည့် ကောင်ကလေးတွေရှိနေသည်။ ဝါဿနာပါရာမို့ ထင်တယ် ချွေတွေရွှဲနေကြပေမယ့် မမောနိုင် မပန်းနိုင် ကစားပွဲကိုသာ အာရုံပြုပြီး ကစားနေကြည်။ အသက် ထိုဘောလုံးကန်နေသည့် ကောင်လေးတွေအထဲမှ ကောင်လေးတစ်ယောက်ကို သတိထားမိလိုက်တယ်..ရှည်လိုက်တဲ့ အရပ် မိုးကိုထိုးလို့...
ဒါနဲ့ အသက်တို့ ကိုင်းရွာလေးမှာ အရှေ့ကျောင်းနှင့် အနောက်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည်။ အနောက်ကျောင်းကတော့ အသက်တို့ အခုသွားနေတဲ့ ဘုန်းကြီးကျောင်း(အရှေ့ကျောင်း) မှ အနောက်နား သွားရင်ရောက်သည်။ အခုတော့ လှည်းလမ်းလေးမှ အသက်တို့ ဘုန်းကြီးကျောင်းထဲသို့ မောင်းနှင်သွားလိုက်သည်....
YOU ARE READING
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)