Part-34 U&Z

904 34 1
                                    

<Unicode>
ညချမ်း အချိန်ခါဝယ်....

မဲမှောင်နေသည့် ကောင်းကင်ပြင်ကြီးပေါ်ဝယ် မှိတ်တုတ်မှိတ်တုတ်ဖြင့် တလတ်လတ်ထနေသည့် ကြယ်ကလေးများကို ကြည့်ကာ အတွေးကမ္ဘာထဲမှာ လွင့်မျောနေမိပြန်တယ်....

အခုဆို မိဘတွေနဲ့ အဆက်အသွယ်မရဘဲ အိမ်‌ခန်းလေးထဲမှာ နေလာရတာ တစ်ပတ်လောက်ရှိရော့မယ်။ ရိုးမြေကလဲ အသက်ကို ပြန်ပို့ဖို့ အစီအစဉ်ရှိမယ့်ပုံ လုံးဝမပေါ်။အသက် အိမ်ပြန်ပို့ဖို့ ပြောတိုင်း အမြဲစကားများရတာတွေသာ။

မနက်ဆို အသက်စားဖို့ စီစဉ်ပေးတယ်။ ပြီးရင် အလုပ်သွားတယ်။ ပြန်လာရင် အသက်အတွက် လိုအပ်မယ် ထင်တာတွေ မှန်သမျှ ဝယ်လာပေးသည်။ အသက်ကို ပိုးမွှေးသလို ဂရုတစိုက် စောင့်ရှောက်ပေးသည်။

သိုပေမယ့် အသက် ရာနှုန်းပြည့် မပျော်ရပါ။ ကိုယ်ချစ်ရတဲ့ သူဆီမှ ရတဲ့ အကြင်နာအယုယတွေကို လူတိုင်း လိုချင်ကြပါတယ်။ အသက်လဲ မက်မောမိတာ အမှန်ပါ။ ဒါမဲ့ ရိုးမြေ လုပ်ခဲ့တဲ့ လုပ်ရပ်ကို အသက်လုံးဝ မေ့မရသေးတော့ ရိုးမြေဆီမှ ရတဲ့ ကြင်နာယုယမှု့တွေဟာ အသက်အတွက် အနာတစ်ဝက် ဆေးတစ်ဝက် လိုဖြစ်နေသည်။

အသက် နှုတ်မှ ရိုးမြေကို အကြိမ်ကြိမ် အမုန်းစကားဆို‌နေပေမဲ့ တကယ်တော့ မမုန်းနိုင်ခဲ့ပါ။ ဘယ်သူနဲ့မှ မတူ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့မိတဲ့ သူမလို့ လွယ်လွယ် ဘယ်မုန်းရက်နိုင်ပါ့မလဲ။ မဟုတ်ဘူး လုံးဝ မမုန်းခဲ့တာ။ ဖြစ်ပျက်ခဲ့တာတွေကို လက်မခံနိုင်ခဲ့လို ရိုးမြေ အပေါ်ထားတဲ့ အချစ်တွေကို ဒေါသတွေက တင်္ဒဂ ဖုံးလွှမ်းသွားခဲ့တာ။ တဖြည်းဖြည်း ရိုးမြေ အသက်အပေါ်ပြုမူတဲ့ အပြုအမူတွေ ပြီးတော့ အသက်အပေါ် ထားရှိတဲ့ ရိုးမြေရဲ့ တာဝန်ယူမှု့တွေကို မြင်လာရတော့ အသက်ရဲ့ ဒေါသမီးတွေ ငြိမ်းသွားခဲ့ရပါတယ်။ သို့ပေမယ့် အသက် ခွင့်လွှတ်နိုင်ပြီလို့တော့ မဆိုလိုသေးပါ....

ဖြစ်ပျက်ခဲ့တာတွေ ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုလဲ အံဩမိခဲ့တယ်။ သက်ဝံ့လွှား မဟုတ်တဲ့အတိုင်း ဒေါသကို ရှေ့တန်းတင်ပြီး ပြဿနာကို ဖြေရှင်းခဲ့တာ။ တကယ် စိတ်ပျက်ဖို့ကောင်းလွန်းတယ်။ အခုတော့ ‌ရလဒ်အနေနဲ့ ဒဏ်ရာတွေသာ ရခဲ့မှန်း အသက် နားလည်သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာဘဲ  အသက်တောင် ဒီလောက် ပင်ပန်းနေရရင် ရိုးမြေဆိုရင်ရော ဘယ်လောက်ဆိုးလိုက်မလဲဆိုပြီး တွေးမိတယ် ။ နေ့တိုင်း ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ အသက်ဆီမှ ရင့်ရင့်သီးသီး စကားတွေနဲ့ ထိုးနှက်ခံရတာ ရိုးမြေ တော်တော်ကြီး ခံစားနေရမှာဘဲ...

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Tempat cerita menjadi hidup. Temukan sekarang