Part-20 U&Z

1.1K 48 13
                                    

<Unicode>
ရွာတောင်ပိုင်းက လက်ပံပင်ကြီး အောက်ဝယ်...

ရိုးမြေ ပုဆိုးကို ဒူးအထိ ခပ်တိုတိုဝတ်ကာ တောင်လျှောက်လိုက် မြောက်လျှောက်လိုက်ဖြင့် တစ်ယောက်ထဲ ပြာယာခတ်နေသည်။ အကြောင်းမှာ သူ့ အသည်းအသက်လေးကို ချစ်ကြောင်း ဝန်ခံတော့မှာမို့....

အား ရူးချင်တယ်...ရူးချင်တယ်။ ဘယ်လိုပြောရမလဲ။ အသက်လေး စိတ်ဆိုးသွားမှာလား၊ လက်သီးနဲ့များ ပိတ်ထိုးမလား။ ဟူး ရင်တွေတုန်လိုက်တာ။ နေပါအုံးဟ ရိုးမြေရ မင်း အရင်ဆုံး ဘယ်လို ရည်းစားစကား ပြောရမလဲ အရင် တွေးရမှာလေကွာ။ လက်သီးနဲ့ အထိုးခံရတာ နောက်မှ။ အခု မင်းဘယ်လို အချစ်စကားဆိုရမလဲ စဥ်းစား။ စဥ်းစားစမ်း ရိုးမြေရ.....

ရိုးမြေ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချပြီး လမ်းလျှောက်နေတာ ရပ်ကာ လက်ပံပင်ကြီးနှင့် မျက်နှာ မူလိုက်သည်။ ပြီးတော့ သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင် ပြုံးလိုက်သည်။

-ီး အရမ်းကြီး ရယ်စရာကောင်းသွားမလား မဖြစ်သေးဘူး နောက်တစ်မျိုးပြောင်း...

"အဟက်..."

ရိုးမြေ လက်ပံပင်ကြီးကို စေ့စေ့ကြည့်ပြီး သူ့ကိုယ်သူ ဇာတ်လမ်းတွေထဲက အချေ ကိုယ်တော်တွေလို မဲ့ပြုံးလေး ပြုံးလိုက်တယ်...

"ဘယ်လိုလဲ လက်ပံပင်ကြီး ကျုပ် ချောတယ်မလား အဟက်..."

အော် မင်းလဲ အရူးဘဲ။ လက်ပံပင်ကြီးသွားမေးတော့ ဟိုက ပြန်ဖြေပါ့မလား ။  ဒါမဲ့ ဘာဖြစ်လဲ ဘာဖြစ်လဲ အချစ်ကြောင့် ရူးတာဘဲ ရူးပါစေ။ ကဲ အခု ပြုံးတက်ပြီဆိုတော့ ဘယ်လို ရည်းစားစကားဆိုမလဲ စဥ်းစား...

ရိုးမြေ ဦးနှောက်ကို သေချာ အလုပ်ပေးပြီး စဥ်းစားပြီးတဲ့နောက် တဖန် လက်ပံပင်ကြီးကို မျက်နှာမူပြီး..

"အသက်လေး ဟီး နေကောင်းလား..."

ငါလခွမ်း။ မင်းက ရည်းစားစကားပြောမှာလေကွာ။ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့မှာ မဟုတ်ဘူး။ သေချာ စဥ်းစားစမ်း ရိုးမြေရ....

"အဟမ်း အဟမ်း...အသက်လေး အရမ်းလှတယ်နော် ဟီးဟီး ကျုပ်ကို ချစ်လား..."

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Où les histoires vivent. Découvrez maintenant