Part-14 U&Z

1.2K 62 23
                                    

<Unicode>
အနောက်ကျောင်းမှ အပြန်လမ်းလေးမှာ...

လမ်းမီးတိုင် အချို့မှာ ပျက်နေပေမဲ့ ကောင်းကင်က လမင်းကြီးမှာ ထိန်ထိန်သာနေတာမို့ အလင်းရောင်လေးတော့ ရနေသည်။ နေ့ခင်းနေ့လည်ဆိုရင်တောင် လူပျက်တဲ့လမ်းမို့ အခုလို ညကြီးအချိန်ဆိုရင်တော့ တစ်ယောက်ထဲသွားဖို့ အတော်လေးအားယူရမဲ့ လမ်းပါ။ အသက်တို့ ယာယာလေးကို သေချာ ဆေးတိုက်ပြီး ယာယာလေး အိပ်ပျော်သွားပြီဆိုတာ သေချာမှ အသက်တို့ ပြန်လာခဲ့ကြသည်။ အားလုံး ပြီးစီးသွားတော့ အချိန်အားဖြင့် ၉နာရီလောက် ရှိရောမယ်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ကာ ညလေပြေညှင်းလေးမှာလဲ တိုက်ခတ်နေတာမို့ ကျောချမ်းပြီး အနည်းငယ်တော့ အေးမိသား။ ဘေးနားမှာ ရိုးမြေ ပါလို့သာပေါ့ မဟုတ်ရင် အသက် တစ်ယောက်ထဲပြန်ရဲမှာ မဟုတ်။ ရိုးမြေ ရှိနေတာမို့ အသက် နည်းနည်းလေးမှ ကြောက်စိတ်မဝင်မိပါ။ မကြောက်ဆို ရိုးမြေက အသက် လက်ကလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကို။ ဒါတော့ မဖြစ်သင့်ဘူးမလား။ လမင်းကြီးရဲ့ အလင်းရောင်ကြောင့် အရှေ့ကလမ်းကို ကောင်းကောင်းမြင်ပါတယ်။ ပြီးတော့ ဘေးနားမှာ ရိုးမြေ ရှိတယ်ဆိုတဲ့အသိလေးနဲ့တင် အသက် ကြောက်စိတ်မဝင်တော့ဘဲ  လုံခြုံနေပါပြီ။ တစ်လမ်းလုံး လက်ကိုင်ပြီး သွားစရာမလိုဘူးလေ။

"ရိုးမြေ အသက်လက်ကို လွှတ်ပေးပါအုံး.."

"မလွှတ်ပေးပါဘူး မှောင်နေတယ်လေ..ခင်ဗျားမကြောက်ဘူးလား.."

"လပြည့်နေမို့ အရမ်းကြီးမမှောင်ပါဘူး ပြီးတော့ ရိုးမြေ ရှိနေတာဘဲ အသက် မကြောက်ပါဘူး.."

"ကျုပ် ကိုင်ချင်လို့ဗျာ ရပြီလား...!!"

တကယ်ပါဘဲ အသက် ရိုးမြေကို တကယ်မနိုင်ပါဘူး။ ကိုင်ချင်လို့ ဆိုလဲ ကိုင်ပေါ့။ အသက် ရိုးမြေကို ဘာမှ ပြန်မပြောတော့တာမို့ အသက်တို့ကြားမှာ  ပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်...

"အသက်"

"ဟင်"

အသက်တို့ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေရင်းမှ ရိုးမြေက အသက်နာမည်လေးကို ခေါ်လိုက်တယ်။ တကယ်ကို နှုးနှုးညံ့ညံ့လေးပါ။ ပြီးတော့ လမ်းသွားနေတာကို ရပ်လိုက်ပြီး အသက်လက်ကလေးကို လွှတ်ပေးလိုက်တယ်။ ချက်ချင်းဘဲ ရိုးမြေရဲ့ သန်မာတဲ့ လက်တစ်စုံက အသက်ရဲ့ ပုခုံးနှစ်ဖက်ကို အသာအယာဆုပ်ကိုင်လာပြီး သူနဲ့ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်တယ်။ အသက်ရုတ်တရက်ဆိုတော့ လန့်သွားမိတယ်။

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now