<Unicode>
ညဉ့်ယံအချိန်ခါဝယ်....အချိန်က အတော်လေးညဉ့်နက်နေပြီမို့ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။ လမ်းမီးတိုင်ကြီးများရဲ့ အလင်း ရောင်အောက်မှာ သွားလာနေသည့် ကား၊ဆိုင်ကယ်(လ်) အနည်းကျဉ်းရှိသည်။ ပတ်ဝန်းကျင်အနေထားမှာ အတော်လေးတိတ်ဆိတ်နေပေမယ့် Bar, Club တို့မှာတော့ မြူးကြွတဲ့Dj တီးသံများနှင့်အတူ ဆူညံနေသည်။
သံစဉ်အလိုက် စီးမျောကာ ကနေကြည့် Dane floor မှ လူအုပ်စုကြီးကို ကြည့်ပြီး အနွယ်တစ်ချက် ပြုံးလိုက်မိသည်။
Gay Bar ဖြစ်တာမို့ လာရောက်ကြသူအများစုမှာ Gay Couples တွေ ဖြစ်ကြသည်။ Crop top dress လေးများဖြင့် လှချင်တိုင်းလှနေကြပေမဲ့ အနွယ်တို့ မြန်မာနိုင်ငံကြီးရဲ့ မြင့်မြတ်လှတဲ့ ပတ်ဝန်းကျင်အဖို့တော့ မျက်တောင်မွှေးစူးစရာ ဖြစ်နေမှာ အမှန်ပင်။ သို့ပေမယ့် ဒီနေရာလေးမှာတော့ ထိုသို့မရှိ။ အားလုံးက တစ်သားတည်း ဖြစ်တာမို့ ကဲ့ရဲ့မဲ့သူမရှိပါ။ သီးသန့်ကမ္ဘာလေးဖြစ်နေတာမို့ သူ့ထက်ငါ အပြိုင် လှဖို့သာ ယှဉ်ပြိုင်ကြသည်။
အချိန်နှောင်းလာသည်နှင့်အမျှ အားလုံးဟာ ပိုပိုပြီး ယစ်မူးလာကြသည်။ အနွယ်ကိုယ်တိုင်လဲ တစ်ခွက်ပြီးတစ်ခွက် မော့ချနေလိုက်တာ ဘယ်လောက်ပင်ရှိပြီရယ်မသိတော့ပါ။
စိတ်ညစ်စရာတွေ များလာတဲ့အခါ စိတ်ထွက်ပေါက် ရှာချင်လာသည်။ သိုကြောင့် မသွားတာကြာပြီ ဖြစ်တဲ့ Gay Bar ကို လာထိုင်နေခြင်းဖြစ်သည်။ ဦးပိုင်တဲ့ Bar တော့ မဟုတ်ဘူးပေါ့....
ဦးနဲ့ စတွေ့တဲ့အချိန်ကစပြီး အနွယ် Night out မထွက်ဖြစ်တော့ပါ။ ဦးစိတ်တိုင်းကျ အနွယ်လိမ္မာခဲ့ပေမဲ့ ဦးကတော့ ရက်စက်သည်။ ဦးဆန္ဒလေး ကို ငြင်းဆိုခဲ့မိရာကနေ အကြောင်းပြချက်လက်မခံဘဲ ရက်ရက်စက်စက် ဥပေက္ခာပြုခံခဲ့ရသည်။ ကိုယ်သိပ်ချစ်ရတဲ့ လူတစ်ယောက်ဆီမှ ရတဲ့ ဥပေက္ခာတရားဟာ ဘယ်လောက်ထိ ခံစားရစေလဲဆိုတာ ဦးမသိပေရောလား။ ပိုးစိုးပက်စက် တကယ်ကို ဆိုးဆိုးရွားရွားပါဘဲ...
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိတော့သလိုပါ။ ရင်ထဲမှ ဒဏ်ရာများဟာလဲ တစ်ဆတစ်ဆ ပိုပိုပြီး ကြီးထွားလာသည်။ အခန်းလေးထဲမှာဘဲ ပြန်မလာသူကို မျှော်နေရတာ အသက်ရှုရပ်လောက်တဲ့အထိ မွန်းကျပ်လှသည်။ ထိုကြောင့် စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ Gay Bar ကို ရောက်နေရခြင်း...
YOU ARE READING
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)