Part-33 U&Z

879 26 5
                                    

<Unicode>
နောက်တစ်နေ့ နက်နံခင်း...

နိုးထ လာသည်နှင့် တစ်ပြိုင်နက် ဦးနှောက်ထဲမှာ အရင်ဆုံး တွေးမိသည်က အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အကြောင်းပင်...

အဖြစ်ပျက်များဟာ မြန်ဆန်လွန်းခဲ့တာမို့ လိုက်လို့ပင် မမှီအောင် ဖြစ်လို့နေသည်။ လက်ခံရန် ခက်ခဲသော အခြေအနေကြီးမှာ ရှိနေရတာ အသက်အတွက် တကယ်ကို ပင်ပန်းလွန်းနေပါပြီ...

ဘယ်လို အရာတွေကြောင့်များ အသက်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ အခုလိုတွေ ဖြစ်ပျက်သွားစေခဲ့တာလဲ....

မင်းနဲ့ စတွေ့ခဲ့တဲ့ အချိန်ကစပြီး ငါ မင်းကို မုန်းမိသွားမယ်လို့ ငါတကယ် တစ်ခါလေးတောင် မတွေးခဲ့မိတာ အမှန်ပါ ရိုးမြေ။ ဒါပေမဲ့ ငါအခု မင်းကို မုန်းနေမိပြီ။ မင်းကို မုန်းနေရတာက  မင်းကို ချစ်နေရတာထက် ပိုပင်ပန်းလွန်းလှပါတယ်။ ငါ့ အတွက် တကယ် ခက်ခဲလွန်းတယ် ရိုးမြေ!

ငါ မင်းကို မုန်းမရအောင်အထိ ချစ်နေမိခဲ့တာဘဲ...

ဒါပေမဲ့ ငါ မင်းနဲ့ အခုလို အခြေအနေမျိုး မဖြစ်ချင်ဘူးကွာ။ ရှေ့ဆက်ဖို့ လမ်းဟာ ဝေဝါးနေသလို နောက်ပြန်လှည့်ခွင့်က တကယ်ဘဲ မရှိတော့တာလား...

အခြေအနေတွေ ရှုပ်ထွေးသွားအောင် မင်းက လုပ်လိုက်တာဘဲ...

မင်းကတော့ ငါ့ကို ချစ်လွန်းလို့ ရူးမိုက်ခဲ့တယ် ဆိုပေမဲ့ ငါ့အတွက်ကျတော့ရော မင်းကို နက်နက်နဲနဲ ချစ်မိနေတဲ့ ငါကရော။ တဖန်ပြန်ပြီး မချစ်နိုင်‌ တော့ဘူး ထင်ခဲ့တဲ့ ငါ့နှလုံးသား၊ တစ်ခါမှ မခံစားဖူးတဲ့ ရင်ခုန်သံတွေနဲ့ တိမ်းညွှတ်ခဲ့တဲ့ ငါ့ရဲ့ ခံစားချက်တွေကိုရော မင်း မမြင်နိုင်ခဲ့တာလား။ ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ဆီက ပြန်ရလိုက်တဲ့ အရာဟာ ငါ့အတွက် လက်ခံနိုင်ဖို့ လွယ်ပါ့မလား ရိုးမြေ! ။
မလွယ်ဘူးနော်  လုံးဝ မလွယ်ဘူး  ။ ငါ ရူးသွားချင်‌လောက်တဲ့ အထိ  ဖြစ်သွားခဲ့ရတာ..

ငါလေ ငါ့ကိုယ်ငါလဲ တကယ် အားမရတော့ဘူး မင်းသိလား။ သက်ဝံ့လွှားဆိုတဲ့ ငါက အရင်က အခုလို မဟုတ်ခဲ့ဘူး။ လက်ခံရန် ခတ်ခဲတဲ့ အချိန်မှာ ငါကြာကြာမနေတက်ဘူး။ ငါ့အတွက် အဖြေဆိုတာ  အမြဲတမ်း အဆင်သင့် ရှိနေခဲ့တာ။ ကြာကြာ မတွေဝေတက်ဘူး။  အခုတော့ မင်းနဲ့ငါရဲ့ ရှေ့ဆက်မယ့် ခရီးကို စဉ်းစားမိတိုင်း ငါရူးချင်သွားတယ်။ ဖြစ်ပျက် ခဲ့သမျှ ငါနဲ့မဆိုင်သလို၊ ငါ ဘာမှ မသိခဲ့သလို အရာအားလုံးရဲ့ အဝေးကို ထွက်ပြေးချင်မိတဲ့ အထိ ငါဟာ တာဝန်မဲ့တဲ့ အတွေးတွေပါ တွေးတက်မိနေပြီ...

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now