Part-9 U&Z

1.5K 80 5
                                    

<Unicode>
ဒီနေ့လေးမှာတော့....

အသက်တို့ အရင်နေ့က စီစဥ်ထားတဲ့အတိုင်း
မကြီးနုရယ် အင်းကြင်းနဲ့သိမ်မွေ့တို့ ညီအစ်မရယ် ယာယာလေးရယ်နဲ့ အသက်တို့ အိမ်မှာ စုပြီး မုန့်စားကြဖို့ ပြင်ဆင်နေကြတယ်...

ပြင်ဆင်စရာ များများစားစားမရှိဘူးရယ်...
အင်ကြင်းတို့က မြေပဲပြုတ်ပူပူလေး ယူလာတယ်...
မေမေက ရေနွေးကြမ်းလေး တည်ပေးထားတယ်...
အသက်တို့က မုန့်ဘဲစားကြမှာမို့ ယာယာ့ကိုတော့ ဟင်းပေါင်း မယူခိုင်းတော့ဘူး...
အဲ့ဒါကြောင့် အသက်တို့ ပြင်စရာဆိုလို့ အသုပ်သုပ်ဖို့ဘဲ ရှိတယ်....

ဘာအသုပ် သုပ်မှာလဲလို့ မကြီးနုကိုမေးတော့ အစုံသုပ်တဲ့လေ....ဘာတွေပါလဲဆိုတော့ လက်ဖက်၊ ဂေါ်ဖီ၊ ခရမ်းချဥ်သီး၊ အသားတု၊ သင်္ဘောသီး စသဖြင့် အရွက်နှစ်မျိုးသုံးမျိုးကို မြေပဲထောင်းလေးနဲ့ တခြားလိုအပ်တဲ့အဆာပလာလေးတွေ ထည့်ပြီး သုပ်ရတာပါ...အရွက်စုံ ၊ အသီးစုံ မို့ အစုံသုပ်လို့ခေါ်တာတဲ့လေ...

အခု အသက်တို့ အသုပ် သုပ်ဖို့အတွက် တာဝန်တွေ ခွဲပြီးလုပ်နေကြတယ်..
ယာယာက မြေပဲ​လှော် ကို ထောင်းနေတယ်...
အင်ကြင်းက ကြက်သွန်းနီလေး လေး၊ငါး ဥ လှီးနေတယ်..
သိမ်မွေ့က သင်္ဘောသီးကို ဂျစ်နဲ့ ချစ်နေတယ်..
မကြီးနုကတော့ လက်ဖက်ကို သေချာ နှပ်နေတယ်...ငရုတ်သီးစိမ်းလေးတွေနဲ့ သံပုရာသီးလေးတွေရောပါညှစ်ထည့်ပြီး လိုအပ်တဲ့ အချို၊ အငန်မှုန့်တွေ ထည့်ပြီး သေချာနှပ်ပေးနေတာ...မကြီးနု အသုပ်သုပ်ရင် အားလုံးအသည်းစွဲဘဲ လို့ နာမည်ကြီးတယ်တဲ့လေ..
အသက်ကတော့ ဂေါ်ဖီလှီး ခရမ်းချဥ်သီးလှီးပေါ့..
ခရမ်းချဥ်သီးက အသုပ် သုပ်မှာမို့ အစိမ်းဘဲ လှီးတယ်...ခြံထွက် လက်လက်ဆတ်ဆတ်မို့ ဝိုင်းဝိုင်းတင်းတင်းကြီးတွေ...

အသက်တို့ ကိုယ့်အလုပ်ကိုလဲ လုပ်ကြ သူများအတင်းလဲပြောကြရင်းပေါ့...
အသက်ကတော့ နားထောင်ရုံသာ..ရွာက လူတွေအကြောင်း သိပ်မသိသေးဘူးလေ ...
အခုတော့ မကြီးနု​တစ်ယောက်ရှိရင်ကို တစ်ရွာလုံး အကြောင်း သိတယ်လေ...
မကြီးနုကဘဲ အရင် ဟဲ့ဘယ်သူက ဘာဖြစ်နဲ့စပြောတာ အဲ့တော့မှ ကျန်တဲ့သူတွေက ထောက်ခံတဲ့လူက ထောက်ခံ ငြင်းတဲ့သူက ငြင်းကြရင်းပေါ့..

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now