Part-29 U&Z

670 25 0
                                    


<Unicode>
နှစ်ဆန်းတစ်ရက်နေ့.....

မြန်မာ့ရိုးရာ နှစ်သစ်ကူး အချိန်ခါဿမယလေး ရောက်ရှိလို့လာခဲ့လေပြီ...

ရက်၊လ၊နှစ်တွေ အလီလီ ပြောင်းလဲလာကာ ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေသည့်ကာလလေးပေါ့..

နှစ်သစ်ကူး အချိန်ကာလရယ်ဟု တွေးမိယုံတင် စိတ်နှလုံး ကြည်နှူးချမ်းမြေ့စေတာ အမှန်ပါ....

သာယာလှသည့် နှစ်သစ်ကူး နံနက်ခင်းလေးကို အသက်တို့ ကိုင်းစံပြကျေးရွာရှိ ရွာသူ၊ရွာသားတိုင်း အပြုံးကိုယ်စီဖြင့် ကြိုဆိုနေကြသည်..

နှစ်သစ်ရောက်ပြီမို့ ပျော်ရွှင်ရသည့် အပြုံးအပြင် ကုသိုလ်ယူရသည့်အတွက် ဝမ်းသာပီတိဖြစ်ရသည့် အပြုံးတွေပါ ထပ်လောင်းပေါင်းထည့်ပြီး ဝေဝေဆာဆာ ဖြစ်လို့နေသည်...

နှစ်သစ်ကို ကုသိုလ်ကောင်းမှု့တွေ ပြုခြင်းဖြင့် ကောင်းချီမင်္ဂလာပြုကြတာဟာ အသက်တို့ မြန်မာနိုင်ငံ၏ ရိုးရာတစ်ခုလိုပင် ဖြစ်နေပါသည်။
ထို့ကြောင့် အသက်တို့ ကိုင်းရွာလေးမှာ‌လဲ ဆွမ်းကြီးလောင်းပွဲ တစ်နည်းအားဖြင့် ဘုရားပွဲ ဟူ၍ကျင်းပပြီး ကုသိုလ်ယူကာ နှစ်သစ်ကို ဝမ်းပမ်းတသာ ကြိုဆိုကြသည်။

နံနက် အာရုဏ်တက် အလင်းရောက်ချိန်မှစ၍ ဆွမ်းကြီးလောင်းပွဲအတွက် ပြင်ဆင်နေကြတာ ယခုဆို ဆွမ်းကြီးလောင်းပွဲ စပါတော့မည်။

သင်္ကြန်ပွဲတော် ရောက်ခါနီး အချိန်မှ စ၍ လှူဖွယ်ပစ္စည်းများ တစ်ရွာလုံး ပြင်ဆင်လာကြတာ ယခုဆို အားလုံး အဆင်သင့်ဖြစ်နေပါပြီ.....

မုန့်ဖက်ထုပ်၊ ကုလားပဲခွေကြော် စသည့် မြန်မာ့ရိုးရာ မုန့်အချို့ကို အဓိက ထားပြီး လှူကြသည်မှာ အသက်တို့ ရွာလေး၏ ရိုးရာတစ်ခုဟူပင် ဆိုနိုင်ပါသည်။

အသက်ကိုယ်တိုင်လဲ မကြီးနုတို့ဆီမှ နည်းများယူကာ မိမိတက်နိုင်သလောက် မုန့်ဖက်ထုပ်လေးများ ထုပ်ပြီး  ဆွမ်းကြီးလောင်ရန်အတွက် ပြင်ဆင်ထားပါသည်။

ဆွမ်းကြီးလောင်းပွဲ စတင်ပြီမို့ အသက်တို့အားလုံး လှူဖွယ်ပစ္စည်းများတင်ရန် ပြုလုပ်ပေးထားသည့် စင်ကလေးများအပေါ်တင်ပြီး ဓမ္မာရုံသို့သွားရာ လမ်းသို့ တစ်ဖက်တစ်ချက်ဆီ စီကာ နေရာယူကြသည်။

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now