<Unicode>
"မိန်းမယေး""ဘာရုန်း"
"ဟာဂျာ ဘိုရိုရီးထူးရာယဲ.."
မန်းကျည်းပင်ကြီးရဲ့အောက် နွားတင်းကုပ်ရဲ့ ဘေးမှာ ငါးနှစ်အရွယ်ကလေးလေးရယ် လေးနှစ်အရွယ်ကလေးလေးရယ် နှစ်နှစ်အရွယ်ကလေးလေးရယ် မြေအိုးသေးသေးလေးတွေနဲ့ ဂုံနီအိတ်လေးခင်းကာ ဆော့ကစားနေကြသည်။ ထူးခြားချက်က လေးနှစ်အရွယ်ကလေးလေးက ငါးနှစ်အရွယ်ကလေးလေးထက် တော်တော်လေးထွားနေတာပင်....
မျက်စံနက်နက်လေးရယ် မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးရယ် မျက်တောင်မွှေးရှည်ရှည်ကော့ကော့လေးတွေနဲ့အတူ သိပ်လှတဲ့မျက်ဝန်းပိုင်ရှင် ငါးနှစ်အရွယ်ကလေးလေးက သက်ဝံ့လွှားလို့ခေါ်ပြီး မျက်ခုံးထူထူနဲ့ စူးရှတဲ့မျက်ဝန်းပိုင်ရှင် လေးနှစ်အရွယ်ကလေးလေးက ရိုးမြေလို့ခေါ်တယ်....
ဖွေးအုပြီး ဝဝတုတ်တုတ် နှစ်နှစ်အရွယ်ကလေးလေးကတော့ ယာ လို့ခေါ်တယ်....ထိုကလေးလေးသုံးယောက်ကို ကြည့်ရသည်မှာ တကယ့်မိသားစုလေးသဖွယ်.....စူးရှတဲ့မျက်ဝန်းပိုင်ရှင်ကလေးလေးရဲ့ အလိုမကျမှု့တွေနဲ့အတူ မေးတဲ့အမေးစကားကို သိပ်လှတဲ့ မျက်ဝန်းပိုင်ရှင် ကလေးလေးက..
"ဘာရို့တုန်း ယောင်္ကျားရ"
"အဲ့ရိုရီးထူးနဲ့ရေ.."
"ဦးတာရဲ့ မိန်းမ ဒေါ်ဒေါ်တုတ်ကရဲ ဦးတာရီးခေါ်ရင် အဲ့ရိုဘဲ ထူးရာရေ.."
"ဝွန်း ယောင်္ကျား ကြိုက်ဝူးး"
"ဘယ်ရိုထူးရမှာရဲ အဲ့ချို.. ရှင်ရို့ ထူးရမှာရား"
"ဟာဂျာ မိန်းမယေးက ဂျိုးဂျိုးယေးနဲ့ယေ ဘာရို့ ရှင်ယဲ.."
"အဲ့ချို ဂျာ.."
"ဟိဟိ ယောင်္ကျား ကြိုက်ရယ် ယောင်္ကျားကြိုက်ရယ်.."
"ခစ် ခစ် ခစ်.."
"မိန်းမယေး"
"ဂျာ.."
"ဘာဟင်းချက်ယဲ"
စူးရှတဲ့မျက်ဝန်းပိုရှင်ကလေးလေးရဲ့ အမေးစကားကို သိပ်လှတဲ့ မျက်ဝန်းပိုင်ရှင်ကလေးလေးက မြေအိုးလေးတွေဖွင့်ကာ ထိကာ ဖြေရပြန်တယ်...
CZYTASZ
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)