<Unicode>
အေးချမ်းပြီး တိတ်ဆိတ်လွန်းလှတဲ့ နံနက်ခင်း အချိန်ခါလေးဝယ်.....အသက် ဘုရားဆွမ်းတော်ကပ်ကာ ဘုရားရှိခိုးပြီး အိမ်အောက်က မီးဖိုချောင်ထဲကို အပြေးလွှားလေးသွားရပါသေးသည်။ အကြောင်းမှာ ဆွမ်းလောင်းဖို့ အတွက်ဖြစ်သည်။ အရင်နေ့တွေက အိပ်ရာထနောက်ကျပြီး ဆွမ်းလောင်းချိန်မမှီလိုက်ရပါ။ အဲ့ဒါကြောင့် ဒီနေ့ စောစောထပြီး ဆွမ်းထချက်ရသည်။ မနေ့က ရွာကို ကြက်သားသည်လာလို့ ကြက်သားလေးကို ခရမ်းချဥ်သီးမှည့်မှည့်နဲ့ သေချာနှပ်ထားသည်။ ထမင်းက မနက်အစောထ မီးမွှေးပြီး ချက်ထားပြီ။ လျှပ်စစ်မီးရပေမယ့် ထမင်းပေါင်းအိုး၊ ဒယ်နီအိုးတွေ မရှိတာမလို့ မီးမွှေးပြီး ချက်ပြုတ်ရသည်။
အသက် မီးဖိုပေါ်က ကြက်သားချက် ဒယ်အိုးလေးကို ဖွင့်ပြီး မွှေနေလိုက်တယ်။
"အင်း ဒီလောက်ဆို အဆင်ပြေပြီ.."
အသက် ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ကြက်သားချက်လေးကို မြည်းကြည့်ပြီး ပြုံးနေတယ်။ ငယ်ငယ်ကတည်းက မေမေဟင်းချက်ရင် ဝင်ကူလုပ်နေကျမို့ အသက်တော်တော်လေး ထမင်းဟင်းချက်တက်နေပြီ။ မေမေကကျန်းမာရေးမကောင်းတာတစ်ကြောင်း အသက်ကိုယ်တိုင် မေမေ့ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးချင်တာက တစ်ကြောင်းမို့ အိမ်မှာ အသက်ဘဲ အားသည်ဖြစ်စေမအားသည်ဖြစ်စေ အချိန်ရရင်ရသလို အဆင်ပြေတာလေးတွေ ချက်ပြုတ်ပေးသည်။ မေမေနဲ့လဲ လုရတာတစ်မျိုး။ အဲ့ဒီ မေမေက အသက် နဲနဲလေးအိပ်ရာထနောက်မကျနဲ့ မီးဖိုချောင်ထဲ ရောင်နှင့်နေပြီးသားလေ...
"ဟင်းး မွှေးနေတာဘဲဟေ့ မေမေ့အသက်လေး ဘာတွေချက်နေတာပါလိမ့်.."
မေမေတို့တော့ အသက်ရှည်ဦးမယ်။ အခုဘဲ မေမေ့အကြောင်းတွေးနေ အခုဘဲ မီးဖိုချောင် အပေါက်ဝ ရောက်နေပြီလေ..
"ကြက်သားချက်နေတာပါမေမေရဲ့ အသက် ဆွမ်းလောင်းချိန်မှီအောင်လို့ အစောထချက်နေတာ.."
"သာဓု ပါကွယ်.. ဒါနဲ့များ မေမေ့ကို မနှိုးဘူးနော် မေမေကူလုပ်ပေးရင် မြန်မြန်ပြီးတာပေါ့.."
"ရပါတယ် မေမေရယ် အသက် ကိုယ်တိုင် ချက်ပြီး လောင်းချင်လို့ပါ.."
CZYTASZ
ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)