Passenger List - 01

8.6K 726 84
                                    

လွန်ခဲ့သော လအနည်းငယ်က...

"ကြိုဆိုပါတယ် မစ္စတာရှောင်းရှင့်။ လူကြီးမင်းရဲ့ ထိုင်ခုံက 7A ပါ။ ဘယ်ဘက်ရဲ့ ရှေ့တန်းထိုင်ခုံဖြစ်ပြီး ပြတင်းပေါက်နားမှာပါ။ လူကြီးမင်းရဲ့ ကုတ်အင်္ကျီကို ချိတ်ပေးထားရမလားရှင်?"

"ကျေးဇူး"

ရှောင်းကျန့်က လေယာဉ်မယ်ကို ကုတ်အင်္ကျီပေးရင်း ရင်ဘတ်ပေါ်က သူမနာမည်ကို တချက်ကြည့်လိုက်တယ်။ လေယာဉ်မယ်လေးရဲ့နာမည်က Joey Sun တဲ့။ အရမ်းလှတယ်။ အရမ်းငယ်တယ်။ ပြီးတော့ သူ အရင်က တခါမှ မမြင်ဖူးတဲ့လေယာဉ်မယ်ဖြစ်တယ်။

ခရီးဆောင်အိတ်ကို ထည့်ပြီး 7A ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ရှောင်းကျန့်က သူ့ခါးနောက်မှာ ခေါင်းအုံးအသေးကို ခံထားပြီးတာနဲ့ ရှပ်အင်္ကျီ နက်ခ်တိုင်ကို အနည်းငယ် လျှော့လိုက်တယ်။ လေယာဉ်ခန်းထဲမှာ အနံ့တချို့ရနေတယ်။ လေယာဉ်ဆီနံ့နဲ့ ပိုးသတ်ဆေးရောထားတဲ့အနံ့မျိုးဖြစ်တယ်။ ရှောင်းကျန့်ဟာ သူ့မျက်လုံးတွေကို မှိတ်ချလိုက်ပြီးတာနဲ့ အသက်ပြင်းပြင်းရှိုက်လိုက်တယ်။

နှင်းဆီရနံ့ရေမွှေးကို ရှူရှိုက်မိတဲ့အခါ ရှောင်းကျန့် သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ နောက်ထပ် လေယာဉ်မယ်တယောက်ဖြစ်ပြီး သူမက အစားအသောက် တင်ထားတဲ့လှည်းကို တွန်းလာတယ်။

ရှောင်းကျန့်က နာမည်ကို တချက်ကြည့်လိုက်တဲ့အခါ နာမည်က Kathy Zhang ဖြစ်ပြီး ဘယ်ဘက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ထားတယ်။ သူမမျက်နှာကို တရင်းတနှီးရှိပြီး သူ အရင်က မြင်ဖူးတဲ့သူဖြစ်တယ်။

"ဟလို မစ္စတာရှောင်းရှင့်။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ရှန်ဟိုင်းကနေ တာ့လီကို ပျံသန်းချိန်က ၄ နာရီပါ။ ကျမတို့ လူကြီးမင်းအတွက် ညစာပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး မီနူးကို ကြည့်ပေးပါ။ ကျမတို့ မကြာခင် လာပို့ပေးပါ့မယ်"

"Fish rice with green peppers, လက်ဖက်ရည်နဲ့ Coke တဘူး။ ကျေးဇူးပါ။ ကျနော် အိပ်ပျော်နေရင် မနှိုးပါနဲ့"

"ဟုတ်ကဲ့ပါ"

Kathy ဆိုတဲ့ လေယာဉ်မယ်က ခပ်မြန်မြန်ပဲ အဖြေပေးတယ်။ ပေးနေကျ အပြုံးမျိုးနဲ့အတူ ပျူငှာတဲ့ယဉ်ကျေးမှုနဲ့ ခေါင်းကိုတချက် ညွတ်လို့ ရှောင်းကျန့်ရဲ့ရွေးချယ်ချက်ကို မှတ်သားတယ်။

I Do Not Luv U ||Completed||Where stories live. Discover now