Passenger List - 24

3.3K 436 171
                                    

Self Study ချိန်ကို မတက်ပဲနေပြီးတဲ့နောက် ကစားကွင်းကနေ အတန်းထဲ ပြန်လာခဲ့တယ်။ နေ့လယ်ဘက် ပထမဆုံးအချိန်ဟာ အင်္ဂလိပ်စာချိန်ဖြစ်တယ်။

အင်္ဂလိပ်စာဆရာဟာ အဖြေလွှာတထပ်ကြီး သယ်လာရင်း မျက်နှာမည်းကြီးနဲ့ အတန်းထဲ ဝင်လာတယ်။ အသက် ၃၀ ကျော်အရွယ်ရဲ့ မျက်နှာအရေးအကြောင်းတွေဟာ အသက် ၄၀ အရွယ်လောက်ကို ထင်းထင်းကြီးရှိနေတယ်။

အထက်တန်းကျောင်းသားတွေ အကုန်လုံး စာမေးပွဲ ဖြေနိုင်ကြတယ်။ ဆရာ့မျက်နှာအခြေအနေကို ကြည့်ပြီး သူတို့အမှတ်ကို ခန့်မှန်းနိုင်ကြတယ်။

ဒီလို သံပုရာသီးစားထားသလို ရုပ်မျိုးဆိုရင် သူတို့အမှတ်တွေဟာ သေချာပေါက် ၈၀ အောက်နည်းတဲ့ သာမာန်အမှတ်တွေလောက်ပဲ ဖြစ်လိမ့်မယ်။ နောက်ဆုံးစာမေးပွဲမှာ အင်္ဂလိပ်စာက အခက်ဆုံးဖြစ်တယ်။

ထင်တဲ့အတိုင်းပဲ။ တတန်းလုံးရဲ့ ပျှမ်းမျှအမှတ်ဟာ ၇၂ မှတ်ပဲ ရှိနေတယ်။

အင်္ဂလိပ်စာဆရာဟာ အဖြေလွှာစာရွက်တွေကို စားပွဲပေါ် ပစ်တင်ရင်း ပြောနေတယ်။ ဒီလိုစာမေးပွဲအဆင့်တွေနဲ့ တက္ကသိုလ်တက်ချင်သေးတာလား? ကောလိပ်တောင် တက်လို့မရဘူး! ဆိုပြီး။

အဖြေလွှာတွေကို မပေးခင် မိနစ် ၂၀ လောက်ဆူတယ်။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်မှာ တယောက်နဲ့တယောက် နီးနီးကပ်ကပ် ထိုင်နေတာမဟုတ်ဘူး။ သူတို့အမှတ်တွေ ပျှမ်းမျှ ရတာ မရတာ သူတို့ ဂရုစိုက်မနေနိုင်ဘူး။ ဘယ်သူက အမှတ်ပိုရလဲဆိုတာကိုပဲ သူတို့ အမြန်သိချင်နေပြီဖြစ်တယ်။

ဝမ်ရိပေါ်ဟာ အဖြေလွှာရရချင်း သူ့အမှတ်ကို ကြည့်လိုက်တယ်။ မင်နီနဲ့ ရေးထားတဲ့ ဂဏန်း ၂ လုံးရှိနေပြီး ၇၇ မှတ်တဲ့။

မဖြစ်နိုင်တာ။ သူ အင်္ဂလိပ်စာကို ကောင်းကောင်းဖြေနိုင်ခဲ့တယ်လေ။ အဲ့ဒါကို ၇၇ မှတ်တည်းတဲ့လား?

ဒီတခေါက် စာမေးပွဲက ခက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ သူ့မှာ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး အခြေခံကောင်းကောင်းရှိတယ်။ ပြီးတော့ မေးခွန်းကိုလည်း ကောင်းကောင်းနားလည်ခဲ့တယ်ဆိုတော့ ၇၇ မှတ်ထက် ပိုရသင့်တာ မဟုတ်ဘူးလား....။

I Do Not Luv U ||Completed||Where stories live. Discover now