ကန်းဟိုင်ကျီမှာ ရင်းနှီးမြှုပ်နှံမှုကိစ္စအတွက် ပထမဆုံးအကြိမ် ဆွေးနွေးတာက ကောင်းကောင်းမွန်မွန်ပဲ ပြီးဆုံးသွားတယ်။ ရှောင်းကျန့်နဲ့ Chris ဟာ တာ့လီမှာ ၂ ည နေလိုက်ရတယ်။
နောက်နေ့မှာ ညစာစားပွဲ ရှိတယ်။ ရှောင်းကျန့် အရက်တော်တော် သောက်လိုက်တယ်။ ပါတီ ဒုတိယပိုင်းမှာ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ ခေါင်းဆောင်တွေဟာ ရှောင်းကျန့်ကို ညီအစ်ကိုလို့တောင် ခေါ်လာကြပြီဖြစ်တယ်။
Chris က ရှောင်းကျန့်ကို အခန်း ပြန်လိုက်ပို့ပေးတဲ့အခါ ရှင်းဖေးလေကြောင်းလိုင်းနဲ့ ဟိုတယ်လော်ဘီမှာ ဒုတိယအကြိမ် ဆုံပြန်တယ်။
ည ၁၂ နာရီ ထိုးခါနီးပြီဖြစ်တယ်။ ဒီနေ့မှာ လေကြောင်းလိုင်းက အချိန်ဆွဲတာတွေ မဖြစ်ဘူး။ တာ့လီကို တနေ့က ရောက်တဲ့အချိန်ပဲ ရောက်တာဖြစ်တယ်။
ရှောင်းကျန့်မျက်နှာက ရဲနေတယ်။ သူ့လက်ကို မြှောက်လို့ ဟိုတယ် check in မှာ တန်းစီနေတဲ့ လေယာဉ်အဖွဲ့သားတွေရှိရာ လက်ညိုးထိုးပြီး အရက်မူးမူးနဲ့ Chris ကို မေးတယ်။
"သူက ချောလား? အဲ့ဒီ့ပိုင်းလော့က ချောလား? ချောလားလို့?"
လေယာဉ်မယ်လေးတွေက ရှောင်းကျန့်ကို မှတ်မိတယ်။ ရှောင်းကျန့်ဟာ သူတို့လေကြောင်းလိုင်းရဲ့ VIP customer မို့ ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်တယ်။
Captain က check in လုပ်နေတယ်။ ကောင်တာကို မျက်နှာမူထားပြီး သူ့ပခုံးပေါ်မှာ ရွှေရောင်ဘားတန်းတွေ အများကြီးရှိတယ်။ Chris ကိုယ်တိုင်ကလည်း မူးနေတာမို့ ဘားဘယ်နှစ်ခုရှိလဲဆိုတာ သူ မရေနိုင်တော့ဘူး။
ဝမ်ရိပေါ်က face recognition လုပ်နေတာမို့ နောက်ကို လှည့်မကြည့်ဘူး။ ကင်မရာကိုပဲ စိုက်ကြည့်နေတယ်။
ရှောင်းကျန့်က အရက်မူးနေတာမို့ Chris ကို တွန်းလိုက်ပြီး ထပ်မေးတယ်။
"ပြောလေ။ အဲ့လေယာဉ်မောင်းတဲ့လူက ချောလားလို့?"
"Seven, မစ္စတာရှောင်း ခင်ဗျား အရမ်းမူးနေပြီ"
"ဟုတ်ပါ့။ အရမ်းမူးနေပြီ! နည်းနည်းလေးတောင် မချောတော့ဘူး"
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.