"သူ အသက်မရှူတော့ဘူး..... သူ အသက်မရှူတော့ဘူး"
"မဖြစ်နိုင်တာ!"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို တွန်းဖယ်လိုက်တယ်။ ရှန်းလင်ရဲ့ အသက်ရှူသံကို ထိလိုက်တယ်။ နှလုံးခုန်သံကို နားထောင်ကြည့်တယ်။ အရေးပေါ်ကုသမှုတွေ လုပ်ပေးတယ်။ နောက်ဆုံးမှာ ရှန်းလင်ကို ဆွဲထူပြီး ပခုံးကို ကိုင်လှုပ်တယ်။
အချိန်အကြာကြီး လုပ်ပေးပြီးတဲ့နောက်မှာတော့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ဟာ မြေပေါ်ကို စိတ်ပျက်လက်ပျက် ထိုင်ကျသွားတော့တယ်။
အမှောင်ခန်းထဲမှာ ဒုန်းဒုန်းဒုန်းဆိုတဲ့ အသံတွေကို ရှောင်းကျန့် ကြားလိုက်ရတယ်။ သူကိုယ်တိုင် လုပ်မိတဲ့အသံလား၊ ဝမ်ရိပေါ်ကြောင့်လားဆိုတာ ရှောင်းကျန့် မသိဘူး။ သေချာတာတော့ ရှန်းလင် မဟုတ်ဘူး။
ရှန်းလင် လဲကျသွားတဲ့နေရာကို ကြည့်ရင် သူ့နောက်စေ့ဟာ အုတ်ပုံထဲက အုတ်ကျိုးတွေနဲ့ ရိုက်ခတ်မိပြီး သူ့နောက်စေ့ဟာ အစွန်းထွက်နေတဲ့ အုတ်ခဲကျိုးနဲ့ ဆောင့်မိသွားပုံပေါ်တယ်။ အဲ့ဒီ့နောက် မလှုပ်တော့ဘူး။
နောက်စေ့ဟာ အတွင်းထဲ သွေးယိုနေတာဖြစ်လိမ့်မယ်။ အစိမ်းရောင် အဖုလုံးကြီး ဖြစ်လာတယ်။ အရေပြားက ကွဲထွက်သွားတာမျိုး မဟုတ်ဘူး။ အဲ့ဒီ့နေရာမှာ သွေးတစက်တောင် မထွက်ဘူး။
လူတယောက်ဟာ ဘာလို့များ အဲ့လောက်လွယ်လွယ်နဲ့ အသက်ရှူ ရပ်သွားတာလဲ? ရုတ်တရက်ကြီးလေ။ ဘာဖြစ်လို့လဲ!
အသက်မရှူတော့ဘူးဆိုတော့ သေသွားတာများလား?
အဲ့တော့ သူတို့နှစ်ယောက် လူသတ်မိလိုက်တာလား?
ဘယ်သူ သတ်လိုက်တာလဲ? သူ မသိသလို သူလည်း မသိဘူး။
အဲ့အချိန်မှာ ဝမ်ရိပေါ်ဟာ ခေါင်းကို အရိုက်ခံထားရတာဖြစ်တယ်။ သူ့ခေါင်းက နာနေတုန်းပဲ။ သူ စဉ်းစားကြည့်တယ်။ ရှောင်းကျန့် မဟုတ်ရင် ပြီးရော။
အဲ့ဒီ့ညမှာ ရှောင်းကျန့် အဆောင်ကို ပြန်မသွားခဲ့ဘူး။ သူ ကစားကွင်းထဲမှာ မနက် ၅ နာရီထိ ထိုင်နေခဲ့တယ်။
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.