ရှောင်းကျန့်က St. Regis ဟိုတယ်ကို ဝမ်ရိပေါ်ထက် အရင် စောရောက်တယ်။ အနက်ရောင်ကားလေးဟာ ဟိုက်ဝေးလမ်းမပေါ်မှာ Iveco ကားကို ကျော်တက်သွားခဲ့တာဖြစ်တယ်။
လေယာဉ်အဖွဲ့သားတွေရဲ့ Iveco ကား ရပ်တဲ့အချိန်မှာ ရှောင်းကျန့်နဲ့ Chris က room card ယူပြီးလို့ သူတို့အခန်းထဲ သွားတော့မှာဖြစ်တယ်။
လေယာဉ်အဖွဲ့သားတွေရဲ့အသံကို ကြားနေရတယ်။ ဒေါက်ဖိနပ်မြင့်မြင့်နဲ့အတူ ယူနီဖောင်းတွေကို အကုန်သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့သူတို့ပုံက ညဘက်မှာ လူတွေရဲ့အကြည့်တွေကို ဆွဲဆောင်နေတယ်။
လေယာဉ်အဖွဲ့သားတွေက အမြန်လျှောက်နေကြတယ်။ သူတို့ ခရီးဆောင်အိတ်တွေကို ချပြီးတာနဲ့ အပြင်ကို ပြန်ထွက်သွားကြတယ်။ သူတို့မှာ ၁ နာရီပဲ အချိန်ရှိလို့ဖြစ်တယ်။
လေကြောင်းလိုင်းရဲ့ check in လုပ်ဆောင်မှုတွေက မြန်ဆန်တယ်။ ကုမ္ပဏီချင်းတူတဲ့ ရှောင်းကျန့်လိုပဲ။
အခန်းတွေကို နေရာဦးထားပြီးသားဖြစ်သလို ကုမ္ပဏီက လစဉ်ငွေပေးဆောင်ထားတယ်။ သူတို့ ID ကတ်တွေကို ကောင်တာမှာ swipe(ဆွဲချ) လိုက်တာနဲ့တပြိုင်နက် လူစစ်ဆေးမှု ပြီးသွားပြီဖြစ်တယ်။
Captain, တွဲဖက်ပိုင်းလော့နဲ့ လေယာဉ်မယ်အဖွဲ့ခေါင်းဆောင်တို့က တခန်းစီရပြီး ကျန်တဲ့လူတွေက နှစ်ယောက်တခန်း နေရတယ်။
ရှောင်းကျန့်က ဓါတ်လှေကားထဲကို ဝင်လို့ ဓါတ်လှေကားတံခါးပိတ်တဲ့အချိန်မှာ ဝမ်ရိပေါ်ဟာ သူ့အခန်းကတ်ကို ကောင်တာကနေ ယူတာ တွေ့လိုက်ရတယ်။
"Seven, ခင်ဗျား စောစောအနားယူလိုက်ပါ။ ကျနော် ကျန်တာတွေကို စစ်ဆေးပြီးတာနဲ့ ညကျရင် မေးလ်ပို့လိုက်ပါ့မယ်။ မနက်ဖြန် မနက် ပြန်စစ်ကြည့်လို့ရပါတယ်။ တရုတ်ကုန်သည်ကြီးများ အစည်းအဝေးက မနက်ဖြန် နေ့လယ် ၂ နာရီပါ။ ဒရိုင်ဘာက ကျနော်တို့ကို နေ့လယ် ၁ နာရီမှာ လာကြိုပါလိမ့်မယ်"
"ကျေးဇူး"
Chris ရဲ့အခန်းက တတိယထပ်မှာရှိပြီး ရှောင်းကျန့်အခန်းက ပဥ္စမထပ်မှာ ရှိတာဖြစ်တယ်။ Chris က အသက်ပြင်းပြင်းရှိုက်လိုက်ပြီးတာနဲ့ ဓါတ်လှေကားထဲက ထွက်သွားတော့တယ်။
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.