Passenger List - 22

3.1K 424 56
                                    

နောက်နေ့မနက် ၁၁ နာရီ ထိုးတဲ့အချိန်ထိ ဝမ်ရိပေါ် အိပ်ရာပေါ်မှာ လှဲနေတုန်းပဲ။ စောင်အောက်မှာ သုံးပြီးသား တစ်ရှူးစက္ကူတွေဟာ လုံးချေထားလျက် ရှိနေတယ်။

နေက နည်းနည်းစူးတယ်။ အထက်တန်းကျောင်းသားတွေဟာ အိပ်ရာစောစော ထဖြစ်အောင်လို့ အခန်းထဲမှာ ကန့်လန့်ကာတွေ မထားတတ်ဘူး။

ဝမ်ရိပေါ်ဟာ စောင်ကို ခေါင်းပေါ် ဆွဲခြုံလိုက်တယ်။ အောက်ထပ်ကနေ အဖွားအော်ခေါ်နေတဲ့အသံကို ကြားလိုက်ရတယ်။ ပြီးတော့ ရှောင်းကျန့်အသံပါ ကြားမိသလိုပဲ။

ဝမ်ရိပေါ် အိပ်ရာပေါ်က ချက်ချင်း ခုန်ထလိုက်တယ်။ သူ့ပုံစံက အတွင်းခံပဲ ဝတ်ထားတာဖြစ်ပြီး တခြားအဝတ်အစားမရှိဘူး။ ဖိနပ်ပါးကို ဆွဲထုတ်စီးပြီးတာနဲ့ လှေကားအတိုင်း တဒုန်းဒုန်းပြေးဆင်းသွားတဲ့အခါ တအိမ်လုံး တကျွီကျွီမြည်ကုန်တယ်။

ထင်တဲ့အတိုင်းပဲ။ ရှောင်းကျန့် ရောက်နေတယ်။ ရှောင်းကျန့်က ဒီနေ့ ကျောင်းယူနီဖောင်း ဝတ်မထားဘူး။ အဖြူရောင် လက်တို ချည်သားရှပ်အင်္ကျီလေးရယ်၊ အပြာရောင်ဂျင်းဘောင်းဘီလေးရယ် ဝတ်ထားပြီး ဧည့်ခန်းထဲမှာ မတ်တပ်ရပ်လို့ သူ့အဖွားကို အော်ပြောနေတယ်။

ဘယ်လိုကြည့်ကြည့်၊ အရမ်းကို လှလွန်းတယ်။

အဖွားက နောက်ကို လှည့်ကြည့်လာပြီး ဗရုတ်သုတ်ခဖြစ်နေတဲ့ ဝမ်ရိပေါ်ကို မြင်သွားတယ်။ သူမက မျက်နှာကို ကာလိုက်ရင်း,

"အကောင်စုတ်လေး နင် မရှက်ဘူးလား? အောက်ထပ်ကို အတွင်းခံနဲ့ ဆင်းလာတာ။ ရှောင်းကျန့်က ဒီရောက်နေတာ ကြာလှပြီ။ နင်က ခုမှ အိပ်ရာထတယ်လား!"

ဝမ်ရိပေါ်ဟာ လှေကားပေါ်ကနေ ခြေတလှမ်းတည်းနဲ့ ခုန်ဆင်းလိုက်တယ်။ ရှောင်းကျန့်ပခုံးကို ဖက်ပြီး သူ့ကျောက ကျောပိုးအိတ်ကို ဆွဲယူလို့ ရှောင်းကျန့်ကျောပေါ် တွဲလွဲခိုတယ်။

အထက်တန်းကျောင်းသားတိုင်းလိုလိုက ပိန်ကြတာများတယ်။ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က တကယ်ကို ပိန်တယ်။

ပုံမှန်ဆိုရင် ဆိုဒ်ကြီးတဲ့ ကျောင်းယူနီဖောင်းတွေ ဝတ်ပြီး သူတို့နံရိုးတွေကို ဖုံးကွယ်ထားတတ်ကြတယ်။ အခုချိန်မှာ ဝမ်ရိပေါ်က အင်္ကျီမရှိဘူး။ သူ့တကိုယ်လုံးမှာ အတွင်းခံပဲရှိတာမို့ သူ့ဗိုက်မှာ နံရိုးတွေ အကုန်ပေါ်နေတယ်။

I Do Not Luv U ||Completed||Donde viven las historias. Descúbrelo ahora