အထက်တန်းနောက်ဆုံးနှစ် စီနီယာကျောင်းသားဘဝရဲ့ နွေရာသီပိတ်ရက်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ရှန်းလင်ကို သိပ်မတွေ့တော့ဘူး။
အတန်းဖော်တွေဆီက ရှောင်းကျန့်ကြားတာတော့ ရှန်းလင်ဟာ ဒီနောက်ဆုံးနှစ်ကို ကျောင်းမအပ်တော့ဘူးတဲ့။ သူခဏခဏ ကျောင်းပြေးပြီး အဆောင်ကိုတောင် သိပ်ပြန်မလာတော့ဘူး။
တန်းခွဲ ၆ ရဲ့ အတန်းပိုင်ဆရာဟာ သူ့အပေါ်မှာ လက်လျှော့လိုက်ပြီဖြစ်ပြီး ဒီအတိုင်း ပြဿနာမရှာရင် ပြီးရောဆိုပြီး လွှတ်ထားလိုက်တော့တယ်။
ရှောင်းကျန့်က ဒီအကြောင်း ဝမ်ရိပေါ်ကို ပြောပြတယ်။ ပြဿနာထပ်ဖြစ်နေပြန်ပြီထင်တယ်လို့ ခန့်မှန်းပြီး ရှန်းလင်ကို သွားမေးချင်ခဲ့တယ်။
အစပိုင်းမှာတော့ ဝမ်ရိပေါ်က ဘာမှမပြောပြဘူး။ ဒါပေမဲ့ ရှောင်းကျန့်က ထပ်ပြောလာတဲ့အခါ ဝမ်ရိပေါ်က ပြောလိုက်တယ်။
"ငါတော့ မထင်ဘူး။ ထားလိုက်ပါ။ ဂရုစိုက်မနေနဲ့။ တက္ကသိုလ်ဝင် စာမေးပွဲက နီးနေပြီ"
"အင်းပါ"
ရှန်းလင်ဟာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ ပျောက်ကွယ်သွားခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်ပြီးတဲ့ထိ လုံးဝ ပေါ်မလာခဲ့ဘူး။
အတန်းဖော်ချင်း 3v3 ဘတ်စကတ်ဘောကစားတဲ့အခါ အစပိုင်းမှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ရှန်းလင်အကြောင်းတွေးဖြစ်ခဲ့ပြီး စကားအနည်းငယ်ပြောဖြစ်တယ်။
နောက်ပိုင်းမှာ စာတွေ များလာတာနဲ့အမျှ ဘတ်စကတ်ဘောကစားချိန်တောင် မရှိတော့တာမို့ သတိမရတော့ဘူး။
အောက်တိုဘာလမှာ တနိုင်ငံလုံး ပထမဆုံး အစမ်းစာမေးပွဲ ဖြေရတယ်။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ နှစ်ဟာ တရားဝင် စတင်ပြီဖြစ်တယ်။
ဒီမြို့ငယ်လေးကနေ ရှန်ဟိုင်းက စီးပွားရေးတက္ကသိုလ်တက်နိုင်ဖို့အတွက် recommend ပေးနိုင်တဲ့နေရာ ၂ နေရာရှိတယ်။ ရှောင်းကျန့်မှာ သူ့အဆင့်တွေအရ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ သူ့ရှေ့က ကျောင်းသားတွေ ဘယ်လိုအရွေးချယ်ခံရလဲဆိုတာကို ကြည့်ရင် သူ့အတွက် အရမ်းခက်ခဲနေတုန်းဖြစ်တယ်။
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.