Passenger List - 21

3K 422 34
                                    

စာမေးပွဲပြီးတာနဲ့ ကျောင်း ၃ ရက်ပိတ်တယ်။ ရှောင်းကျန့်ဟာ အိမ်ကိုပြန်နေရတယ်။

ပိတ်ရက်မှာ ဝမ်ရိပေါ်က ဘာမှလုပ်စရာမရှိဘူး။ နိုးတာနဲ့ ကျောင်းရဲ့ ဘတ်စကတ်ဘောကစားကွင်းကိုသွားပြီး တယောက်ယောက်ကို ရှာလို့ 3v3 ဆော့လေ့ရှိတယ်။

ဇွန်လလယ်ပဲရှိသေးတယ်။ နေ့လယ်ဘက်တွေက အရမ်းပူနေပြီဖြစ်တယ်။ ဝမ်ရိပေါ်ဟာ လေမဝင်တဲ့ ကျောင်းယူနီဖောင်းနဲ့ sweatpant ကို ဝတ်ထားတယ်။ နည်းနည်းလောက် ပြေးပြီးတာနဲ့ သူ့ပေါင်ကြားမှာ ချွေးတွေစိုလာတယ်။

သူ ဘတ်စကတ်ဘောယူပြီးတာနဲ့ ကျောင်းကန်တင်းကို သွားပြီး ဆားငန်ရေခဲချောင်းတခု ဝယ်စားလိုက်တယ်။

ဒီလိုရေခဲချောင်းတွေက ဈေးအရမ်းချိုတယ်။ နို့မပါတာမို့ ကျောင်းကန်တင်းဟာ ၁ ခုကို ပြား ၆၀ နဲ့ တယွမ်ကို ၂ ခု ရောင်းတယ်။

ကန်တင်းမှာရှိတဲ့ အစ်မကြီးက ဝမ်ရိပေါ်နဲ့ ရင်းနှီးတယ်။ သူနဲ့ ရှောင်းကျန့်ဟာ နေ့တိုင်း အတူတူလာပြီး ခေါက်ဆွဲပြုတ်၊ ဆားငန်ရေခဲချောင်းနဲ့ ဆားငန်ဆိုဒါ လာလာဝယ်တတ်တယ်။

အကယ်၍ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ထဲက တယောက်ပဲ လာခဲ့ရင် အစ်မကြီးဟာ တချောင်းကို ပြား ၅၀ နဲ့ပဲ ပေးတယ်။

ဝမ်ရိပေါ်ဟာ ရေခဲချောင်းယူဖို့ ရေခဲသေတ္တာကို ဖွင့်လိုက်တယ်။ သူ ရေခဲသေတ္တာ ဖွင့်ရုံပဲ ရှိသေးတယ်။ ကောင်လေးတယောက် သူ့ဘေးနား ရောက်လာတယ်။ အဲ့ကောင်လေးက ဝမ်ရိပေါ်ထက် လက်မြန်တယ်။ ရေခဲချောင်းနှစ်ချောင်းကို သူ့ဟာသူ ယူလိုက်တယ်။

အဲ့ကောင်လေးမှာလည်း ကျောင်းယူနီဖောင်း ဝတ်ထားတယ်။ အရမ်းပိန်ပြီး အသားက ဖြူဖတ်ဖြူလျော်နဲ့။ တောင်ပိုင်းဒေသတွေရဲ့ တွေ့နေကျ အဟာရပြတ်နေတဲ့မျက်နှာမျိုး။

မြင်ဖူးသလိုလိုရှိတယ်။ ဒါပေမဲ့ ဝမ်ရိပေါ်အတွက် ဘယ်မှာမြင်ဖူးမှန်းမသိဘူး။

အဲ့ဒီ့ အဟာရမပြည့်တဲ့ကောင်လေးက ဝမ်ရိပေါ်ထက် အရပ်ပုတယ်။ သူက ဝမ်ရိပေါ်ကို ရေခဲချောင်း လှမ်းပေးရင်း ပြား ၅၀ တန်အကြွေစေ့ကို ထုတ်လို့ ကန်တင်းက အစ်မကြီးကို ပြောလိုက်တယ်။

I Do Not Luv U ||Completed||Where stories live. Discover now