ရှင်းဖေးလေကြောင်းလိုင်းဟာ Mariott Group ရဲ့ internal staff team က ဒီခရစ်စမတ်မှာ ရောမကိုသွားမယ့် ခရီးစဉ် Order ကို လက်ခံရရှိတယ်။
Captain One ဟာ ဒီခရီးစဉ်လမ်းကြောင်း စီစဉ်ထားမှုကို အချိန်ဇယားမှာ တွေ့လိုက်ရတာမို့ ရောမကို သူ ပျံသန်းမယ့်အကြောင်း ခွင့်တောင်းလိုက်တယ်။
နှစ်ဝက်ကျော်ကြာပြီဆိုတော့ ရှောင်းကျန့် သူ့ကို လွမ်းနေလောက်မှာပဲ။ သူ သေချာ စဉ်းစားပြီးသွားပြီဖြစ်တယ်။
*
"မစ္စတာရှောင်း ရောမကို ပျံသန်းမယ့်ခရီးစဉ်က ကြိုဆိုပါတယ်။ လူကြီးမင်းရဲ့ ထိုင်ခုံက 7A မှာပါ။ ဒီလမ်းအတိုင်း ကြွပါရှင်"
"ကျေးဇူး"
လေယာဉ်မယ်ဂျိုအီဟာ ရှောင်းကျန့်ကို မေ့တော့မလိုတောင် ဖြစ်နေတယ်။ ဒီနေ့ရဲ့ ခရီးစဉ်မှာ လေယာဉ်ပေါ်ကို နောက်ဆုံးမှ တက်တဲ့သူဟာ ရှောင်းကျန့်ဖြစ်တယ်။ သူ တက်ပြီးတာနဲ့ လေယာဉ်တံခါးကို ပိတ်လိုက်တော့တယ်။
ဂျိုအီဟာ ပလက်တီနမ်မန်ဘာအဖွဲ့ဝင်ဟောင်း VIP ခရီးသည်ကို ထိုင်ရမယ့်နေရာ ခေါ်သွားပေးတယ်။ ပြီးတာနဲ့ ရှောင်းကျန့်ရဲ့ ကုတ်အင်္ကျီကို ချိတ်ပေးတယ်။ ခရီးဆောင်အိတ်ကို overhead rack ထဲမှာ ထည့်ပေးပြီးတာနဲ့ ရှောင်းကျန့်ကို ဘာသောက်မလဲမေးတယ်။
ဂျိုအီနဲ့ ရှောင်းကျန့် စကားပြောနေတဲ့အချိန် Captain One ဟာ လေယာဉ်မောင်းခန်းထဲက ထွက်လာတယ်။
Captain One ဟာ အလုပ်လုပ်တဲ့နေရာနဲ့ ခရီးသည်ထိုင်ခုံကြားမှာ မတ်တပ်ရပ်ရင်း လက်ထဲမှာ ရှင်းဖေးလေကြောင်းလိုင်းရဲ့ လေယာဉ်ပုံစံငယ်လေးကို ကိုင်ထားတယ်။ ကြည့်ရတာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ကလေးလေးဖို့ ဖြစ်ရမယ်။
ဝမ်ရိပေါ်ဟာ ရှေ့ဆုံးတန်းရှေ့မှာ ဒူးတဖက်ထောက်ပုံစံ ထိုင်လိုက်ရင်း ကလေးလေးနဲ့ စကားပြောတယ်။ သူ ရှောင်းကျန့်ကို နှစ်ကြိမ်လှမ်းကြည့်တယ်။
ရှောင်းကျန့်က ရှောင်ပုန်းချင်တယ်။ ဒါပေမဲ့ သူ ရှောင်ပုန်းလို့ မရဘူး။ သူ first class မှာ ထိုင်နေတဲ့အချိန် ပိုင်းလော့ယူနီဖောင်းဝတ်ထားတဲ့လူဟာ လေယာဉ်မောင်းခန်းထဲက ထွက်လာပြီး ရှေ့ဆုံးတန်းမှာ ထိုင်ခဲ့တယ်။
BINABASA MO ANG
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.