ဒင် ဒုန် ~
လေယာဉ်ပေါ်က မဆင်းသက်နိုင်သေးတဲ့ ခရီးသည်များ ရှိသေးလားရှင်? ☺️
မဆင်းရသေးတဲ့လူတွေက ဆင်းပြီးသား ခရီးသည်တွေနဲ့အတူ အဖြေတိုက်ကြတာပေါ့။ နော။
အောက်ပါအကြောင်းအရာများသည် ကျနော်၏ ထင်မြင်ယူဆချက်များသာဖြစ်ပါကြောင်း~
စကားစရမယ်ဆိုရင် တော်တော်များများ သိချင်ကြတာက အလောင်းကို ဘယ်သူနေရာရွှေ့သွားလဲဆိုတာ ဖြစ်လိမ့်မယ်ထင်တယ်။ ဟုတ်လား? (。•̀ᴗ-)✧
တော်တော်များများ သဘောပေါက်ထားတာနဲ့ တူပါတယ်။ ကျနော်ထင်တာကလည်း ရိပေါ်ပဲ ရွှေ့သွားတာပါ။
အစက ကျနော်က ရိပေါ်ရွှေ့တယ်လို့ မတွေးဘူး။ အဲ့အစား အဖွားပဲ ရွှေ့လိုက်တာလား။ ဘာလား တခြားဟာတွေ တွေးတာပေါ့နော်။ တနှစ်လောက် mystery ဖြစ်နေခဲ့တာ ကျနော့်အတွက်။
အပိုင်း (၂၇) ကို ဘာသာပြန်တဲ့အချိန်မှာ ကျနော် ဘာသွားတွေ့လဲဆိုရင် ရွှေ့တဲ့သူဟာ ရိပေါ်လို့ သိလိုက်ရရုံတင်မဟုတ်ဘူး။ ရွှေ့မြှုပ်လိုက်တဲ့နေရာကိုပါ သိလိုက်ရတာ။ အပိုင်း (၂၇) ကိုပြန်ဖတ်ပါလို့ ပြောနေခဲ့ရတဲ့အကြောင်းရင်းပေါ့။
အပိုင်း (၂၇) မှာ ရိပေါ်က ပြန်သွားပြီးမြှုပ်တယ်။ အစကတော့ သေချာသေသပ်အောင် ပြန်လုပ်တယ်ပဲထင်ခဲ့တာ။
ဘာသွားတွေ့လဲဆိုတော့ "ဘယ်ဟာက နဂိုရှိတဲ့ ရွှံ့တွေလဲ။ ဘယ်ဟာက ပန်းခြုံနားကနေ သယ်လာတဲ့ ရွှံ့တွေလဲ" ဆိုတာကို သွားတွေ့တယ်။ ပန်းခြုံက ဘာကိစ္စပါလာတာလဲဆိုတာမှာ လုံးဝ ခေါင်းထဲ မီးသိီးလင်းသွားတယ်။
အဲ့မှာ အရင်အပိုင်းတွေကို သေချာပြန်ဖတ်တယ်။ သေချာလိုက်ဖတ်တယ်။ ပန်းခြုံဟာ ဟိုတစ ဒီတစ ပါတတ်တာကို တွေ့သွားတယ်။ ပုံမှန်ဆိုရင် ဒါက ဒီအတိုင်းပါတာပဲလို့ တွေးကောင်းတွေးနိုင်ပေမဲ့ ရှန်းလင်ရဲ့လက်မှာ ပန်းခြုံက နှင်းဆီဆူး စူးသွားဖူးတဲ့အချက်က mysteriously linked ဖြစ်နေတယ်လို့ ကျနော်က တွေးတယ်။
နောက်ပြီး ကျောင်းကိုဖြိုချတော့ အဲ့ပန်းခြုံပဲ ကျန်နေခဲ့တာလေ။ အဲ့တော့ ရှန်းလင်ရဲ့အလောင်းကို ရိပေါ်က အဲ့ပန်းခြုံအောက်မှာ ပြောင်းမြှုပ်လိုက်တာပါပဲ။
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.