Passenger List - 06

4.1K 479 134
                                    

နောက်ထပ် ၁ လကျော်ကြာတဲ့ထိ ရှောင်းကျန့်ကို ဝမ်ရိပေါ် ထပ်မတွေ့ရတော့ဘူး။

သူတို့ နောက်ဆုံးတခေါက်တွေ့ခဲ့တာ ဆန်းယာမှာဖြစ်တယ်။ အဲ့ညမှာ ရှောင်းကျန့်ဟာ တံခါးကို ဝုန်းခနဲပိတ်လို့ ထွက်ခွာသွားခဲ့တယ်။

နောက်ပိုင်းမှာ ရှောင်းကျန့်က ပေကျင်းဟိုတယ်မှာ လုပ်တဲ့ လစဉ်အစည်းအဝေးတွေတက်ဖို့ ပေကျင်းကို ၂ ကြိမ် ပျံသန်းသွားခဲ့တယ်။ မေလနဲ့ ဇွန်လမှာဖြစ်တယ်။

အတွင်းရေးမှူးက လေယာဉ်လက်မှတ် မဝယ်ခင် ရှောင်းကျန့်ကို မေးတယ်။ ရှင်းဖေးလေကြောင်းလိုင်းပဲ ဝယ်မှာလားတဲ့။

အတွင်းရေးမှူးဟာ ရှောင်းကျန့်နဲ့ နှစ်တော်တော်များများ လက်တွဲလုပ်လာခဲ့တာမို့ လေကြောင်းလိုင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ရှောင်းကျန့်က နည်းနည်း ခေါင်းမာတတ်တာကို သိထားတယ်။

ဒါပေမဲ့ သူဌေးတော်တော်များများကတော့ လေကြောင်းလိုင်း တခုတည်းကိုပဲ သတ်သတ်မှတ်မှတ် ရွေးချယ်ပြီး ခရီးစဉ်တွေအတွက် points တွေ စုကြတယ်။ ပြီးရင် အားလပ်ရက်တွေအတွက် လေယာဉ်လက်မှတ်နဲ့ ပြန်လဲယူကြတယ်။

အတွင်းရေးမှူးဟာ ရှောင်းကျန့်အတွက် အာမခံပေါ်လစီတွေ ဖြည့်သွင်းပေးနေတဲ့အချိန် ရှောင်းကျန့်မှာ မိဘတွေ ကွာရှင်းထားမှန်းကို သိလိုက်ရတာဖြစ်တယ်။ မိဘနှစ်ပါးလုံးဟာ ကျဲ့ကျန်းက ဖြစ်ပြီး ရှန်ဟိုင်းမှာ မရှိဘူး။ အာမခံပေါ်လစီမှာ ရေးထားပုံအရ လက်မထပ်ရသေးဘူးတဲ့။

ရှောင်းကျန့်က Single ဖြစ်ရဲ့လားဆိုတာကို အတွင်းရေးမှူးက မသိဘူး။ ဒါပေမဲ့ သူမ သိတာတခုက သူဌေးဟာ အားလပ်ရက်ယူတာ ရှားတယ်ဆိုတာပဲ။

လေကြောင်းကိစ္စ အတွင်းရေးမှူးက မေးလာတဲ့အခါ ရှောင်းကျန့်က ခဏလောက် တွေဝေနေတယ်။ အရင်ကတော့ သူဟာ ပုံမှန်အတိုင်းပဲလို့ ဖြေလေ့ရှိတယ်။ အတွင်းရေးမှူးက ထပ်မေးတယ်။

"Seven, ဒီတခေါက် ပေကျင်းကို ၇ နာရီလေယာဉ်နဲ့ အရင်လေကြောင်းလိုင်းပဲမလား?"

"အင်း အဲ့အတိုင်းပဲ"

လေယာဉ်လက်မှတ်တစောင် သက်သက်ပါပဲလေ။

I Do Not Luv U ||Completed||Where stories live. Discover now