ဝမ်ရိပေါ်တယောက် ဦးဏှောက်အာရုံကြောခွဲစိတ်မှု လုပ်ပြီးတာနဲ့ ဆေးရုံမှာ တပတ်လောက် ဆက်နေရပြီး ဆေးရုံဆင်းခွင့် ကျလာခဲ့တယ်။ သူ ဒီနေ့ နေ့လယ်မှာ ဆေးရုံဆင်းနိုင်ပြီဖြစ်တယ်။
အမြင်အာရုံကြောပေါ် အမှောင်ရိပ်တွေဖြစ်ရခြင်းဟာ ဦးဏှောက်အာရုံကြော သွေးခဲပိတ်ဆို့မှုကြောင့်ဖြစ်တယ်။
သွေးခဲပုပ်တွေဟာ အချိန်အကြာကြီး စုနေပြီး အမြင်အာရုံကြောကို တဖြည်းဖြည်း ဖိချလာတယ်။ ဒါဟာ ဝမ်ရိပေါ်ကို မကြာခဏ အမှောင်ရိပ်တွေ မြင်ရစေတာဖြစ်တယ်။
ဆရာဝန်တွေက သွေးခဲပိတ်ဆို့တာကို ဖယ်ရှားပေးတဲ့ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ဦးဏှောက်အကြိတ်ရောဂါတွေ မရှိဘူး။
ခွဲစိတ်မှုပြီးတဲ့နောက်မှာ Captain One ဟာ အမြင်အာရုံတွေကို အကောင်းအတိုင်း ပြန်ရခဲ့တယ်။ သူဟာ ပိုင်းလော့တယောက်ရဲ့ အဆင့်အတန်းနဲ့ ပြန်လည် ပျံသန်းနိုင်ပြီဖြစ်တယ်။
ကုမ္ပဏီရဲ့ CEO နဲ့ လေယာဉ်အဖွဲ့သားတွေဟာ ဝမ်ရိပေါ်ထက်တောင် စိတ်လှုပ်ရှားတက်ကြွနေကြသေးတယ်။ CEO ဟာ ဆေးရုံကို လူကိုယ်တိုင် လာပြီး ဝမ်ရိပေါ်ဘေးမှာ ထိုင်လို့ စကားတွေ အရှည်ကြီး ပြောခဲ့တယ်။
လူနာခန်းထဲ မဝင်ခင် CEO က ဆရာဝန်တွေကို မေးခဲ့တယ်။ ဝမ်ရိပေါ်ရဲ့ တခြားလက္ခဏာတွေဟာ ပုံမှန်ပဲဖြစ်ပြီး ပုန်းကွယ်နေတဲ့ ရောဂါကြီးတွေ ဘာညာမရှိဘူး။ ပြီးတော့ သူဟာ နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်ပျံသန်းနိုင်မှာဖြစ်တယ်။
သိပ်ကောင်းတယ်! Captain One ဆိုတာ ရှင်းဖေးလေကြောင်းလိုင်းရဲ့ Star Captain ဖြစ်တယ်။ ဆေးရုံကဆင်းပြီးရင် ကုမ္ပဏီရဲ့ အထင်ကရ အမှတ်တံဆိပ်အဖြစ် ဆက်လက်တည်ရှိနေမှာပါပဲ။
ဝမ်ရိပေါ်ရဲ့ သီးသန့်တောင်းဆိုချက်အရ Captain One ရဲ့ နောက်စေ့မှာ ပြင်းထန်တဲ့ ထိခိုက်မှုဖြစ်ထားတယ်ဆိုတာကိုတော့ ဆရာဝန်တွေက ကုမ္ပဏီကို မပြောပြဖြစ်ဘူး။ ခေါင်းနောက်စေ့မှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားခဲ့တာကိုပေါ့။
အကယ်၍များ ဆွေးနွေးညှိနှိုင်းတုန်းက ဝမ်ရိပေါ်သာ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ရင် ဦးဏှောက်အာရုံကြောပါရဂူတွေဟာ ဦးဏှောက်အကြိတ် ဖြစ်နိုင်ချေ ရှိမရှိကို ပိုပြီးလွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်ခဲ့မှာဖြစ်တယ်။
YOU ARE READING
I Do Not Luv U ||Completed||
Fanfiction"ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" "ဝမ်ရိပေါ် ငါ မင်းကို မချစ်ဘူး" "ရှောင်းကျန့် ငါလည်း မင်းကို မချစ်ဘူး" Captain One and Seven Translated with permission from the original author.