Passenger List - 14

4.2K 513 266
                                    

"ဘယ်တွေသွားနေတာလဲ? ငါ မင်းကို လိုက်ရှာနေတာ ကြာလှပြီ"

ဝမ်ရိပေါ်ဟာ သူ့မေးကို ရှောင်းကျန့်ပခုံးပေါ်တင်လို့ သူ့နှုတ်ခမ်းကို ရှောင်းကျန့်နားနားမှာ ဖိကပ်ထားတယ်။ အသက်ကို ဖွဖွလေးရှူရင်း ဘယ်တွေသွားနေလဲဆိုတာ မေးနေတယ်။

နိုင်ငံရပ်ခြား တိုင်းပြည်တခုရဲ့ ဘာသာစကား ကွာခြားတဲ့လေဆိပ်ထဲမှာ ရှောင်းကျန့်ကို လူရှေ့သူရှေ့ ဖက်လို့ရတယ်။ နမ်းလို့ရတယ်။ ပြီးတော့ ရိုမန်လူမျိုးတွေနဲ့အတူတူ အားလပ်ရက် ပိတ်ရက်ယူမယ်။

လေယာဉ်အဖွဲ့သားတွေထဲက တယောက်ယောက်နဲ့ တွေ့ကောင်းတွေ့နိုင်ပေမဲ့ ဂရုမစိုက်တော့ဘူး။

ရောမလို မြို့မျိုးမှာ မတူညီတဲ့အဖြစ်အပျက်တွေ နေ့တိုင်းဖြစ်ပျက်နေတယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး..... ဒီလိုစုံနေအောင် ဖြစ်နေတဲ့အဖြစ်အပျက်တွေကြား တခုသောနေ့လယ်ခင်းရဲ့ လေဆိပ်တခုထဲမှာ ပွေ့ဖက်နေတဲ့ ဒီနိုင်ငံခြားသားနှစ်ယောက်ကို ဘယ်သူတွေကများ အသေးစိတ် လိုက်စုံစမ်းစပ်စုနေနိုင်မှာတဲ့လဲ။

ရှောင်းကျန့်ဟာ အနောက်ကိုလှည့်လို့ သူ့လက်ကို ဝမ်ရိပေါ်ပခုံးပေါ် ဝိုက်တင်လိုက်ပြီး အနမ်းကို ပြန်တုံ့ပြန်တယ်။

လူတွေဟာ အနားမှာ ဖြတ်သွားဖြတ်လာ လုပ်နေကြတာမို့ ကြာကြာနမ်းလို့ ကောင်းတဲ့နေရာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ နှုတ်ခမ်းကို ထိရုံလေး ဖွဖွထိကပ်လိုက်တာဖြစ်တယ်။ ရှောင်းကျန့်ဟာ လေယာဉ်ထဲမှာ ၁၄ နာရီကျော်ကြာ နေခဲ့ရတာမို့ စောစောတုန်းက သူတွေးနေခဲ့တာဟာ ဘယ်ဟိုတယ်ကို အရင်သွားရမလဲဆိုတာပဲ။

၁၀ မိနစ်အကြာမှာ ဝမ်ရိပေါ်က သူ့အနား ရောက်လာတယ်။ သူ့လက်ကို သူ့ခါးတဝိုက်မှာ ပွေ့ထားလို့ လက်ချင်းတွဲတယ်။ ဖက်တယ်။ ပြီးတော့ လေဆိပ်ထဲမှာ နမ်းတယ်။

၄၈ နာရီအပြည့် အားလပ်ရက်ရတယ်။ သူများတွေလိုပဲ။

"Captain One, မင်းအဖွဲ့သားတွေ မြင်သွားမှာ မကြောက်ဘူးလား?"

"သူတို့အကုန် ဟိုတယ်ကိုသွားပြီ။ ငါ မင်းကို လိုက်ရှာနေတာ"

I Do Not Luv U ||Completed||Where stories live. Discover now