Passenger List - Final

9K 611 184
                                    

ရှောင်းကျန့်ရဲ့မှတ်စုက အတော်ရှည်တယ်။ ကျောင်းအဆောက်အဦးတွေကို ဖြိုချပြီးမှဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်။

ထင်တဲ့အတိုင်း အိပ်ရေးဝဝ မအိပ်ရဘူးပေါ့။ ဝမ်ရိပေါ်ဟာ နေ့တိုင်း Alarm ပေးထားပြီး‌ ရှောင်းကျန့်ရဲ့လက်ကို ဆွဲမလို့ အပြေးလေ့ကျင့်ရအောင် အိပ်ရာနှိုးတယ်။ သူ့ပုံစံက ရှောင်းကျန့်ထက်တောင် ပိုစိုးရိမ်နေပြီး မှတ်စုထဲက အရာအားလုံးကို လုပ်ချင်နေတယ်။

အသားကင်တုတ်ထိုးစားပြီးတဲ့ နောက်နေ့မနက်မှာ ရှောင်းကျန့်ဟာ လုံးဝ အိပ်ရာမထနိုင်ခဲ့ဘူး။ ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲထားပြီး အလိုလိုက်ခံရတဲ့ ကလေးဆိုးလေးလို ရှားရှားပါးပါးပြုမူတယ်။

"ကော၊ ရှောင်ချီကော။ မသွားတော့ဘူးလေ နော်။ အဲ့ဒီ့မှတ်စုတွေ မလုပ်တော့ဘူး။ လာပါ အိပ်ရအောင်"

နှစ်ယောက်သားဟာ အထက်တန်း စ, တက်ပါပြီဆိုကတည်းက တွဲလာခဲ့တာဖြစ်တယ်။ ရှောင်းကျန့်ရဲ့ ဒီလို ကလေးဆိုးလေးလို ချွဲတဲ့အပြုအမူလုပ်တာဟာ လက်တဖက်တည်းနဲ့တောင် ရေတွက်လို့ရနိုင်တယ်။

ရှောင်းကျန့်ဟာ ဒီလိုစကားတွေကို အိပ်ရာပေါ်မှာ သူ့တင်ပါး ဘယ်လိုမှ ခံနိုင်ရည်မရှိတော့မှသာ အော်ခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ဒီနေ့မှာ sex မလုပ်ရသေးတာတောင် ရှောင်းကျန့်က သူ့ကို ကောလို့ ခေါ်ခဲ့တယ်။ သူ့ကို ရှောင်ချီကောလို့ ခေါ်တယ်ဆိုရင်တောင် ဝမ်ရိပေါ်ကတော့ စိတ်လိုလက်ရ အခေါ်ခံလိုက်ဦးမှာပါပဲ။

သူ အိပ်ရာထဲ ပြန်ဝင်လှဲလို့ ရှောင်းကျန့်အပေါ် လက်တင်လိုက်ပြီး ဆက်အိပ်လိုက်တော့တယ်။

ဝမ်ရိပေါ်တယောက် အိပ်ပျော်လို့ အိပ်မက်တွေမက်ပြီး ဟောက်နေချိန်မှာ ရှောင်းကျန့်က ရုတ်တရက်ကြီး အိပ်ရာကထတယ်။ အသက်ရှူလို့ မရအောင် ဝမ်ရိပေါ်ရဲ့နှာခေါင်းကိုဖျစ်ပြီး ဝမ်ရိပေါ်ကို အိပ်ရာနှိုးတယ်။ ပြီးတာနဲ့ ပြောလိုက်တယ်။

"ဝမ်ရိပေါ် မင်း ငါနဲ့အတူ လုပ်ချင်တာတခုခု မရှိဘူးလား? မအိပ်နဲ့။ ထ ထ။ အချိန်မရှိဘူး!"

I Do Not Luv U ||Completed||Where stories live. Discover now