Passenger List - 11

4.1K 533 180
                                    

Row 73 ဟာ Economy class ရဲ့ အလယ်မှာဖြစ်တယ်။ Economy class မှာ တတန်းကို ခုံ ၆ ခုရှိတယ်။ အလယ်လမ်းကြားက ကျဉ်းမြောင်းပြီး Economy class ထဲက ခရီးသည်တွေဟာ ၂ ကြိမ်လောက် တွေ့လိုက်ရတယ်။

Economy class ရဲ့ overhead light တွေကို ပိတ်ထားပြီး ထိုင်ခုံအောက်က floor lights တွေနဲ့ ခရီးသည်တချို့ရဲ့ စာကြည့်အလင်းရောင်တွေပဲ လင်းနေတယ်။

ဒါဟာ ရိုးရိုးတန်းက ခရီးသည်တွေကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်တယ်။ ဘေးကို လှည့်တဲ့အခါ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ တချိန်တည်းမှာ ပြိုင်တူ ညာဘက်ကို လှည့်လိုက်ကြတယ်။ ဘေးမှာ ချထားတဲ့ ဝမ်ရိပေါ်ရဲ့လက်ဟာ ရှောင်းကျန့်ရဲ့ လက်ကို ခပ်သွက်သွက် ဆုပ်ကိုင်သွားတယ်။ တကယ့်ကိုမှ ခပ်မြန်မြန် ဆုပ်ကိုင်သွားတာဖြစ်တယ်။

အချိန်ခဏလေးအတွင်းမှာ သူ့လက်က ရှောင်းကျန့်လက်ကို ဆုပ်ကိုင်သွားတာဖြစ်ပြီး ခရီးသည်ထိုင်ခုံကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ဝမ်ရိပေါ်ရဲ့လက်က လွှတ်ပေးလိုက်ပြီဖြစ်တယ်။

ဝမ်ရိပေါ်ရဲ့အပြုအမူက အရမ်းမြန်လွန်းတာမို့ ရှောင်းကျန့်မှာ တကယ်ဖြစ်သွားတာမှ ဟုတ်ရဲ့လားတောင် မသေချာဘူး။

သူတို့ နောက်ခန်းကို ဆက်သွားနေကြတယ်။ လေယာဉ်ချိန် နောက်ကျတာမို့ ခရီးသည်တော်တော်များများက အိပ်နေကြတယ်။

ရှောင်းကျန့်ဟာ သူ့လက်ညိုးလေးကို သူ့လက်ဖဝါးထဲ ထည့်လိုက်တယ်။ သူ့လက်ဖဝါးမှာ‌ ချွေးတွေစိုနေတယ်။ သူ့ချွေးတွေရော၊ ပြီးတော့ ဝမ်ရိပေါ်ရဲ့ချွေးတွေရော။

ဒုတိယအကြိမ်မြောက် ခရီးသည်တန်းနားနီးလာပြန်တယ်။ ရှောင်းကျန့်ဟာ သူ လမ်းလျှောက်နေတဲ့အရှိန်ကို တမင်လျှော့ချလိုက်တယ်။

သူ ဘေးတဖက်ကို လှည့်တဲ့အခါ ဝမ်ရိပေါ်ကလည်း ဘေးတဖက်ကို လှည့်တယ်။ နှစ်ယောက်လုံး ညာဘက်ကို လှည့်လိုက်ကြတာဖြစ်တယ်။ ဝမ်ရိပေါ်ဆီက တုံ့ပြန်မှုမလာခင် ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ လက်မကို သူ့လက်ဖဝါးနဲ့ တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးရဲ့ စိုစွတ်မှုကို ခံစားစေလိုက်တယ်။

I Do Not Luv U ||Completed||Where stories live. Discover now