Passenger List - 28

3.9K 438 94
                                    

တက္ကသိုလ်ဝင်စာမေးပွဲကို ရှောင်းကျန့် ကောင်းကောင်းဖြေနိုင်ခဲ့တယ်။ အကဲဖြတ်အမှတ်တွေအရဆိုရင် သူ ရှန်ဟိုင်းက စီးပွားရေးတက္ကသိုလ်ကို ဝင်လို့ရတယ်။ ဒါပေမဲ့ ရှောင်းကျန့်က ဝင်ခွင့်မလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ရှန်ဟိုင်းက တခြားတက္ကသိုလ်တခုမှာ Hotel Management ဘာသာရပ်ကို အထူးပြုလျှောက်ထားလိုက်တယ်။

တက္ကသိုလ်ဝင်စာမေးပွဲပြီးတဲ့အခါ အရမ်း အလုပ်တွေ ရှုပ်နေခဲ့တယ်။ အဆင့်မီ ပညာရေးကို ကိုယ်စားပြုတဲ့အနေနဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာ ၁၈ နှစ်ပြည့်၊ သက်ပြည့်ပွဲ ကျင်းပပေးတယ်။

ဦးဆောင်တဲ့ဆရာဟာ တံခါးနောက်ကွယ်ကနေ သူ့အမျိုးတွေနဲ့ လက်ဝါးချင်းရိုက်လို့ အထက်တန်းကျောင်းသားတယောက်ချင်းစီတိုင်းအတွက် အနောက်တိုင်းဝတ်စုံ ချုပ်ပေးတယ်။ ချုပ်သားက လုံးဝမကောင်းဘူး။ ရှောင်းကျန့်ရဲ့ နက်ခ်တိုင်မှာ အနီရောင်အစက်အပြောက်တွေ ပါရှိတယ်။

သူ့ဘဝရဲ့ ပထမဆုံးသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီးတဲ့နောက်မှာ ရှောင်းကျန့်ဟာ မှန်ထဲကြည့်လို့ သူ့ဟာသူ နက်ခ်တိုင် စည်းတယ်။ သူ အခုထိ နက်ခ်တိုင် ဘယ်လိုစည်းရမှန်း မသိသေးဘူး။ လတ်စသတ်တော့ အနီရောင် scarf တွေနဲ့ ကွာခြားနေခဲ့တာပဲ။

မှန်ထဲမှာ မြင်နေရတဲ့ "လူကြီး" တယောက်ကို ကြည့်ရင်း ရှောင်းကျန့်ဟာ တယောက်သောသူအကြောင်း တွေးမိသွားတယ်။ အကယ်၍များ သူသာ......

သူ့ရဲ့ နက်ခ်တိုင်ကို ရယ်ရယ်မောမောဆွဲယူလို့ သူ့ကို ပတ်လည်လှည့်နေလေမလား? ဒီလို ပူအိုက်နေတဲ့ အနောက်တိုင်းဝတ်စုံအကြောင်းကို ညစ်ညစ်ပတ်ပတ် ဟာသတွေပြောရင်း အတန်းပိုင်ဆရာကို ကျောက်ကပ်မကောင်းဘူးလို့ ပြောနေလေမလား?

မသိတော့ဘူး။ သူ့စကားတွေကို ထပ်ကြားခွင့်မရှိတော့ဘူး။ ကြီးပြင်းသွားခဲ့ပြီပေါ့ ရှောင်ချီ။

သက်ပြည့်ပွဲပြီးတဲ့နောက်မှာ Graduation photo ရိုက်ကြတယ်။ အဲ့ဒီ့နောက် Graduate destination handbook လေးတွေ ရလာတယ်။

ရှောင်းကျန့်ရဲ့အဆင့်တွေက ကောင်းတယ်။ အရင်ကိစ္စတွေ ဘယ်လိုပဲရှိခဲ့၊ ရှိခဲ့။ အတန်းပိုင်ဆရာဟာ သူ့ကို ရှေ့ဆုံးတန်းမှာ နေရာချပေးတယ်။

I Do Not Luv U ||Completed||Where stories live. Discover now