Passenger List - 07

3.8K 495 113
                                    

ဂုဏ်ပြုညစာစားပွဲကျင်းပပြီးတဲ့နောက်နေ့မှာ ရှောင်းကျန့်ဟာ ပေကျင်းကို စီးပွားရေးခရီးစဉ်အနေနဲ့ တယောက်တည်း သွားခဲ့တယ်။

ပြန်လာတဲ့နောက်ပိုင်းမှာ သူ အလုပ်တွေ အရင်ကထက် ပိုလုပ်တယ်။ နေ့ရော ညရော။

ရှောင်းကျန့်က ပြောတယ်။ တာ့လီက ကန်းဟိုင်ကျီပရောဂျက်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်နေတာပါတဲ့။ သူဟာ ကုမ္ပဏီမှာ ညဉ့်နက်နောက်ကျတဲ့အထိ နေ့တိုင်းနေတယ်။ Team ဟာ အလှည့်ကျနဲ့ သူ့နောက်ကို အမှီလိုက်ရတယ်။

လုပ်ဖော်ကိုင်ဖက်တွေက နောက်ကွယ်မှာ ပြောကြတယ်။ Seven ဟာ ရာထူးတိုးပြီးပြီးချင်း ကြုံရတဲ့ ပထမဆုံး ပရောဂျက်မို့ အဖွဲ့သားတွေကို လုံးဝ အနားယူခွင့် မပြုဘူး။ အကယ်၍သာ ကန်းဟိုင်ကျီပရောဂျက်မှာ မအောင်မြင်ခဲ့ရင် အရာအားလုံးက သေချာပေါက် စိတ်ကူးယဉ်သက်သက်တွေ ဖြစ်ကုန်လိမ့်မယ်တဲ့။

Chris က စဉ်းစားတယ်။ ဒါဟာ လုံးဝ မဆီလျော်တာပဲ။ သူဟာ ရှောင်းကျန့်နဲ့အတူ တနှစ်နီးပါးလောက် ရှိနေခဲ့တာဖြစ်ပြီး Seven ဟာ အမြဲတမ်း အနိုင်လိုချင်ခဲ့တယ်။ ကြည့်ရတာ ရာထူးတိုးပြီး ပထမဆုံးကြုံရတဲ့ တိုက်ပွဲက တကယ်အရေးကြီးလို့ နေပါလိမ့်မယ်။ ပြီးတော့ Seven ကို အချိန်အကြာကြီး စိတ်လှုပ်ရှားစိုးရိမ်နေစေတဲ့အထိ အရေးကြီးနေတယ်။

ဒါပေမဲ့ Chris စိတ်ထဲ တခုခုတော့ မှားနေသလိုပဲ။

ရှောင်းကျန့်တယောက် ပေကျင်းက ပြန်လာပြီးနောက်မှာ ပိုပြီးတော့ တိတ်ဆိတ်သွားတယ်။ မသိမသာ သက်ပြင်းတွေ ချပြီး အကြာကြီး တိတ်ဆိတ်နေတတ်တယ်။

အခုလိုမျိုးပေါ့။ ရှောင်းကျန့်ဟာ ရုံးခန်းထဲမှာ ငေးတိငေးငိုင် ထိုင်နေတယ်။ Chris ဟာ အကြည်သား ပြင်သစ်မှန်ပြတင်းတွေကတဆင့် သူဌေးရဲ့ အခန်းထဲကို အကြိမ်ရေ အနည်းငယ်လောက် ကြည့်လိုက်တယ်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာ ရှောင်းကျန့်ဟာ သူ့ခုံပေါ်က ထလိုက်တယ်။ နောက်ကျောပေးပြီး လည်တိုင်ကို အနည်းငယ်မော့လို့ ကောင်းကင်ပေါ်က တိမ်တွေကို ငေးကြည့်နေတယ်။

I Do Not Luv U ||Completed||Where stories live. Discover now