Passenger List - 23

3.1K 404 85
                                    

ရှန်းလင်ကိုသာ ရှာမယ်ပြောနေတာ။ တကယ်ဆို သူတို့မှာ ညစာစားဖို့နဲ့ အင်္ဂလိပ်စာတွေ ရေးဖို့ရှိသေးတယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ လမ်းဘေးဆိုင်မှာ အမဲသားခေါက်ဆွဲ ၁၀ ယွမ်နဲ့ ဝယ်ပြီး အတူတူစားတယ်။ စားပြီးတာနဲ့ အရင်တခေါက် ရှန်းလင်အရိုက်ခံရတဲ့ လမ်းကြားထဲကို ဝင်ရှာတယ်။ ပြီးတာနဲ့ တခြား ရန်ဖြစ်လို့ကောင်းတဲ့နေရာတွေကို လိုက်ရှာတယ်။

၂ နာရီလောက် ရှာပြီးတဲ့အထိ ဘာသဲလွန်စမှ ရှာမတွေ့ဘူး။ နှစ်ယောက်သား မီးပွိုင့်မှာ ရပ်လိုက်ကြတယ်။ ရှောင်းကျန့်မှာ ညဘက် အဆောင် roll call အတွက် အဆောင်ကို ပြန်ရဦးမယ်။

ဝမ်ရိပေါ်က သူ့လက်ကို ရှောင်းကျန့်ခါးပေါ် တင်လိုက်ပြီး ခေါင်းကိုလှည့်လို့ ရှောင်းကျန့်ကို ကြည့်တယ်။ ပြီးတော့ ပြောတယ်။

"မင်း အရင်ပြန်နှင့်။ ငါ ဘိလိယက်ခုံသွားရှာကြည့်လိုက်မယ်"

ဝမ်ရိပေါ် ဘာပြောချင်လဲဆိုတာ ရှောင်းကျန့်သိတယ်။ ဘိလိယက်ထိုးတာတွေ၊ ဂိမ်းကစားတာတွေဟာ ဒီလိုမြို့ငယ်လေးက လူငယ်တွေကြားမှာ အရမ်းခေတ်စားတယ်။

သူတို့ကျောင်းနဲ့ သိပ်မဝေးတဲ့နေရာမှာ သက်မွေးဝမ်းကြောင်းပညာသင်တဲ့ ကျောင်းတွေ ရှိတယ်။ ဒီပတ်ဝန်းကျင်က မြို့လယ်ဘက် ကျတာမို့ အနီးအနားမှာ ကပွဲခန်းမတွေ၊ ဘိလိယက်ဝိုင်းတွေနဲ့ ဂိမ်းကစားတဲ့ခန်းမတွေ ရှိတယ်။

ရှောင်းကျန့်နဲ့ သူ့အတန်းဖော်တွေ အဲ့နေရာတွေကို သွားပြီး KTV မှာ သီချင်းဆိုခဲ့ဖူးတယ်။ ပြီးတော့ အဲ့နေရာတွေမှာ တံခါးဝရှေ့၊ လမ်းတွေရှေ့ မလုံ့တလုံ ဝတ်ထားတဲ့ အစ်မကြီးတွေလည်း ရှိနေတတ်တယ်။

"ငါ မင်းနဲ့အတူ လိုက်မယ်။ ဘာမှလုပ်စရာမရှိတော့ဘူး"

ရှောင်းကျန့်ဟာ အဆောင်ကို ပြန်မသွားခဲ့ဘူး။ သူတို့နှစ်ယောက် ဆိုင်တချို့ကို ဝင်ရှာတယ်။ အရင်တခေါက် ဝမ်ရိပေါ်နဲ့ ရန်ဖြစ်ဖူးတဲ့ သက်မွေးကျောင်းက အစ်ကိုကြီးတွေနဲ့ ဆုံတယ်။

အဲ့ ၃ ယောက်ဟာ ဝမ်ရိပေါ်ကို တွေ့တာနဲ့ ချက်ချင်း ရန်ဖြစ်ဖို့ပြင်တယ်။ ဒါပေမဲ့ ရှောင်းကျန့်က ကြားဝင်ပြီး ဝမ်ရိပေါ်ကို တောင်းပန်ဖို့ ပြောလိုက်တယ်။

I Do Not Luv U ||Completed||Where stories live. Discover now