" အဲ့ဒီ့မုန့်ပုံးထဲကပိုက်ဆံအပြည့်က
ခင်ဗျားပါးစပ်ပေါက်ပိတ်ဖို့လာပေးတာ
ပါးစပ်ပေါက်မပိတ်ရင် ခင်ဗျားလည်းခင်ဗျားသားလိုကျားစာဖြစ်သွားမယ်"
ခါးသည် ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး ဦးဧဒင်၏ အိမ်ကိုဝေ့ဝဲကြည့်နေခဲ့သည်။
" ဟုတ်... ဟုတ် ဦးလေးဘာမှမလုပ်ရဲပါဘူး"
ဦးဧဒင်သည် ကြောက်ကြောက်လန့်လန့်နဲ့ အသံတွေတုန်ယင်ပြီးကတိပေးရှာသည်။
ခါးကတော့ဧည့်ခန်းထဲက ဘွဲ့ ဓာတ်ပုံတစ်ခုဆီအကြည့်ရောက်လျက်
ဘွဲ့ဓာတ်ပုံခပ်တည်တည်ထဲမှာတောင် ချစ်စရာကောင်းနေသော ထိုအမျိုးသမီးလေးကဘယ်သူလဲ
ခါးသည်ဓာတ်ပုံတစ်ခုကိုငေးကြည့်ရင်းပင်လုပ်လက်စကိစ္စတွေကိုပါမေ့လျော့သွားတော့၏
" ခင်ဗျားမှာသားတစ်ယောက်သမီးတစ်ယောက်ရှိတာလား"
ခါး၏မေးခွန်းသည်ရုတ်တရက် Target ပြောင်းသွားတာမို့ ဦးဧဒင်တစ်ယောက်စိတ်တော်တော်ညစ်သွားရတော့သည်။
" ဟုတ်...ကဲ့ သားအပြင်... သမီးလေးတစ်ယောက်ရှိ.. ရှိပါတယ်"
" သူကရောဘာအလုပ်လုပ်တာလဲ"
"WWF World Wildlife Fund မှာဆရာဝန်ပါ"
" ဒါဆိုအဆင်ပြေတာပေါ့ ကျုပ်ရဲ့သားကြီးက ခင်ဗျားလို ရွတ်တွနေတဲ့အသားထက် နုပျိုနေတဲ့ဆရာဝန်မလေးရဲ့အသားဆိုပိုကြိုက်မှာ"
ခါးစကားကြောင့် ဦးဧဒင်သည် အထိတ်ထိတ်အပျာပျာဖြစ်သွားတော့သည်။
သွေးတွေစွန်းပေနေသော သားရဲ့ uniform ကို မျက်ဝန်းထောင့်မှငေးကြည့်နေရင်း အပြစ်ကင်းစင်သောသမီးဖြစ်သူအတွက် ပူပင်နေမိတော့သည်။
" ဦးလေးသမီးလေးမှာအပြစ်မရှိပါဘူး မလုပ်ပါနဲ့ "
ဦးဧဒင်တောင်းပန်နေသည့်အချိန်
တိုက်တိုက်ဆိုင်ဆိုင်ပင်
အိမ်ဝမှအသံငယ်ချိုချိုလေးတစ်ခုကြောင့်
ခါး၏နားတွေစွင့်လျက်သားဖြစ်သွားတော့သည်။
ВЫ ЧИТАЕТЕ
မောင့်ရင်ထဲမှာနေမလား
Приключенияအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...
