"မောင် မျက်လုံးလေးဘာလေးဖွင့်ဦး"အဖျားရှိန်ကြောင့်မျက်လုံးတွေမှေးစင်းနေသောသူ့ကိုအပေါ်စီးမှတည့်တည့်မိုးကြည့်နေသော
သူမမျက်ဝန်းတွေမှာအမုန်းတရားတွေစိုးစဉ်းမျှမရှိတော့သလိုပင်အရင်က ကျားကျားယားယား ဒူပေနာပေနဲ့ခါးသည် မနှင်းဆီနဲ့တွေ့တော့မှ နုနေသလိုဖြစ်နေခဲ့သည်။
ခါးသည် ကုတင်ကို ခပ်ရို့ရို့ မှီရင်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို ငေးကြည့်နေမိသည်။
" မောင့်လူတွေကလေ လူကိုမယုံသလိုဘာလိုလိုနဲ့
ဆန်ပြုတ်ပန်းကန်ကိုပါ မွှေနှောက်ရှာရတာနဲ့ "မေနှင်းဆီပြောတော့ ခါးသည် သွားစွယ်ချွန်ချွန်လေးတွေပေါ်သည်ထိရယ်နေခဲ့သည်။
" ထွန်းလူလား..."
ပါးစပ်ကလွှတ်ခနဲပြောပြီးမှ ထွန်းလူ တစ်ယောက် ညကစိတ်ကောက်ပြီးထွက်သွားတာကို ဖျတ်ခနဲ သတိရသွားမိသည်။
"ညီအကိုလိုခင်တာမလား"
မေနှင်းဆီမေးတော့ ခါးသည် ဝမ်းနည်းနေသောမျက်လုံးတွေကိုဖုံးဖိရင်း ခေါင်းငုံ့ကာပြုံးပြသည်။
" အင်း...ဟုတ်တယ်
ဒီစခန်းတစ်ခုလုံးကလူတွေက
မိသားစုလိုပဲ"" ကျွန်မကိုမပြောပြချင်ဘူးလား"
မေနှင်းဆီသည် ခုံလေးကိုရှေ့တိုးလာရင်း ဆန်ပြုတ်ဇွန်းလေးကို အေးသွားအောင်ထိမှုတ်နေခဲ့သည်။
" ဒီစခန်းက ဦးသိုက်ခမ်းရဲ့စခန်းလေ
လွန်ခဲ့တဲ့ ၈ နှစ်က
မောင်ကဒီမှာ ကျားချေးကျုံး"" နွားချေးကျုံးမဟုတ်ဘူးလား"
မေနှင်းဆီပြောတော့ မောင်ဟာထရယ်ပြန်သည်။
"ဦးသိုက်ခန်းက မောင့်လိုပဲကျားရူးရူးနေတာ
မောင့်သားကြီးရဲ့ အမေပန်းဝါဗိုက်ကြီးတော့ မောင်ကဘေးမှာရှိနေခဲ့တာ"
ESTÁS LEYENDO
မောင့်ရင်ထဲမှာနေမလား
Aventuraအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...