မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း
သူမရဲ့ရင်သားပေါ်မှာထိတွေ့အုံ့မိုးထားသော
လက်ဖဝါးတစ်စုံသည် နွေးထွေးနူးညံ့နေတာမို့
မေနှင်းဆီခန္ဓာကိုယ်လေးဆက်ခနဲဖြစ်သွားရတော့သည်။သူမရဲ့ ဆွယ်တာအင်္ကျီခပ်ပွပွလေးအတွင်း
လက်တွေလျှိုဝင်ပြီး
ရင်သားတွေကိုမလွှတ်တမ်းဆုပ်ကိုင်ကာ
အိပ်နေသောမောင့်ပုံသည် သားသားနဲ့အလွန်တူ၏။မောင်သာ သူနဲ့တူတဲ့သားသားကိုမြင်ရင် ဘယ်လောက်များပျော်သွားလိုက်လေမလဲ....
အတွေးနဲ့အတူ ရှည်စပြုနေသောမောင့်ဆံပင်တွေကို ပွတ်သပ်လိုက်တောင် မောင်ဟာသူမကို မျက်လုံးတွေအသာအယာဖွင့်ကြည့်သည်။
ထို့နောက် အကြာကြီးလွမ်းနေတဲ့ကလေးငယ်တစ်ယောက်လို သူမရဲ့နှုတ်ခမ်းတွေနဲ့ရှုံ့နမ်းရင်း ပါးပြင်နေရာအနှံ့ခပ်ဖွဖွထိတွေ့ပြန်သည်။
မောင့်ရဲ့အပြုအမူတိုင်းသည် သားပေါက်လေးတစ်ကောင်နဲ့တူလေသည်။
မောင့်လိုလူကြမ်းစိတ်ကြမ်းကြီးသည် ဒီလောက်ထိလူနားကပ်ကာချွဲတက်လိမ့်မည်ဟုတစ်ခါမှမတွေးဖူးပါ
" မေနှင်းဆီ မောင့်ကိုကယ်ပါဦး"
" ဘာလို့လဲမောင်ရဲ့"
" မနက်စောစောစီးစီးဟိုအကောင်သောင်းကြမ်းနေလို့"
မောင့်အပြောကိုမေနှင်းဆီသည်ရုတ်တရက်မို့နားမလည်ပါ
" ဘာ... ဘာအကောင်လဲ"
" ယောကျာ်းလေးတွေကမနက်တိုင်း အဲ့လိုဖြစ်နေကြလေ morning activity လေးဘာလေးမလုပ်ချင်ဘူးလား"
သူမရဲ့ရင်ထဲထိတိုးဝင်ကာချွဲနေသောမောင်သည်
လူဆိုးလေးမှန်းအစကတည်းကမသိခဲ့ပါ" မောင်နော်"
ပါးစပ်ကခပ်တိုးတိုးလေးနာမ်စားလေးအားခေါ်ရင်း မောင့်ရင်ဘက်တွေကို ခပ်ဖွဖွထုလိုက်သည်။
အေးစက်သောရာသီဥတုဖြစ်လင့်ကစား
မောင့်ရင်ငွေ့သည် ဘယ်သက်ရှိမဆိုနွေးထွေးအသက်ဝင်စေသည့် ဆောင်းတွင်းနေရောင်ခြည်လေးလိုပင်...
![](https://img.wattpad.com/cover/300809319-288-k129095.jpg)
ESTÁS LEYENDO
မောင့်ရင်ထဲမှာနေမလား
Aventuraအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...