ကော်ဖီပူထဲကသကြားလေး

13.6K 420 265
                                    


မိုးရေတွေစိုစွတ်နေသော ခါးရဲ့မျက်နှာခပ်တည်တည်သည် လူကိုအကြိမ်ကြိမ်ရင်ခုန်စေသည်။

ခပ်ရေးရေးမွှေးညှင်းစိမ်းတွေဝန်းရံထားသော မထူမပါးနှုတ်ခမ်းတွေကတော့တင်းတင်းစေ့ထားသည်။

နောက်ပြီးထိုလူသည် ရှားပါးနူးညံလှသောကြင်နာတက်တဲ့မျက်ဝန်းတွေနဲ့အတူသူမကို ငုံ့မိုးကာကြည့်နေခဲ့သည်။

" ဘုရားရေ.... ဒီလူ့မှာရော ဒီလိုကြင်နာတက်တဲ့မျက်ဝန်းတွေရှိနေတာလား"

မေနှင်းဆီဖြူသည် သူမကိုပွေ့ချီလာသော ခါးကို ခဏတာသတိလက်လွတ်ငေးကြည့်နေမိသည်။

လူတစ်ယောက်ကိုချစ်ဖို့ အချိန် ၅ စက္ကန့်ပဲလိုတယ်တဲ့
မဖြစ်နိုင်တာ

ကျွန်မကြောက်တယ်ခါး
ရှင့်ကို ချစ်မိသွားမှာကို ကျွန်မကြောက်တယ်...

ကျွန်မကနှင်းဆီဖြူ
အဖြူရောင်မို့ အဆိပ်မရှိဘူးရှင်ထင်မှာပေါ့

ဒါပေမဲ့ နှင်းဆီဖြူကဆူးတွေနဲ့ပဲလေ
ကျွန်မဒီတစ်ခေါက်ပြန်လာတာ ရှင့်ကို ချစ်ဖို့မဟုတ်ဘူး
ရှင့်ကို နာကျင်မှုတွေအပြည့်ပေးပြီးမှ
ဇာတ်သိမ်းပေးမလို့....

ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲသည်
အနိုင်အရှုံးဟာမသည်းကွဲသေးပေမဲ့
ဆုံးဖြတ်ချက်တွေကိုတော့မမှေးမှိန်ချင်

" ချမ်းနေလား"

သူမအားချမ်းနေလားမေးနေပေမဲ့
ခါးသည်လည်းနှုတ်ခမ်းတွေပါပြာနေသလိုပင်

သူမရဲ့ လက်မောင်းကလေးတွေကို သွေးပူလာအောင် လှုပ်ရှားပေးရင်း ခါးသည် သူမရဲ့ ရေစိုလို့ကပ်နေတဲ့ ဆံနွယ်လေးတွေကို မျက်နှာပေါ်မှ အသာအယာဖယ်ပေးနေခဲ့သည်။

အဲ့ဒီ့ခဏမှာ ရင်ခုန်သံတွေဟာဆူညံနေတာအတိုင်းသားကြားလိုက်ရသည်။

မိုးရေတွေနဲ့အေးစက်နေသော သူမနှုတ်ခမ်းဖျားတွေကို ခါးသည် ငေးစိုက်ကြည့်ရင်း ခပ်ဖွဖွနမ်းလိုက်သည်။

ခါးရဲ့ အနမ်းက လူကိုနွေးထွေးစေသည်
ရင်ကိုသိမ့်ခနဲဖြစ်စေ​၏

မောင့်ရင်ထဲမှာနေမလား Kde žijí příběhy. Začni objevovat